အင်္ဂလန်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဟက်စကီးက လီဗာပူးအနေနဲ့ အဓိက ဆုဖလားတစ်ခုမှ မရရင် အသင်းရဲ့ သုံးယောက်တွဲ တိုက်စစ်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ သတိပေးပြောဆိုလိုက်တာပါ။
လီဗာပူးအသင်းအနေနဲ့ ဒီနှစ်မှာ အဓိက ဆုဖလားဖြစ်တဲ့ အမှတ်ပေးဖလားကို မရယူနိုင်ဘူးဆိုရင် အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဆာလာကို လက်လွှတ်ရဖွယ်ရှိနေတယ်လို့ ကစားသမားဟောင်း ဟက်စကီးက ပြောဆိုလိုက်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ မနက်က ဝက်စ်ဟမ်းကို အနိုင်ရရင် စီးတီးကို ၅ မှတ်ဖြတ်နိုင်မှာ ဖြစ်ပေမယ့်လည်း သ ရေသာ စွမ်းဆောင်နိုင်လို့ ၃ မှတ်ကွာအနေအထားကိုသာရောက်နေပါတယ်။
ဒါ့အပြင် မာနေးရဲ့ အဖွင့်ဂိုးကလည်း မီလ်နာ လူကျွံနေတာကို ရုပ်သံ အနှေးပြကွက်တွေမှာ ပြန်ကြည့်ပြီးနောက် ဝေဖန်မှုတွေ ခံနေရပါသေးတယ်။ Sportskeeda ရဲ့ ဖော်ပြချက်မှာတော့ အသင်းကစားသာမားဟောင်း ဟက်စကီးက ဆုဖလားတစ်ခုခုမှ မရရင် ဆာလာကို အသင်းမှာ ဆက်ရှိနေစေဖို့ မလွယ်ဘူးလို့ ပြောခဲ့တာကို သိရတာပါ။
“ ကစားသမားအတွက် အခက်အခဲရှိပါတယ်၊ ပရိသတ်နဲ့ ကစားသမားကြားက ဆက်ဆံရေးက အမှတ်ပေး ဖလားအပေါ်မျာ အများကြီး မူတည်နေပါတယ်။ လီဗာပူးရဲ့ အသက်က ရှေ့တန်းက ၃ ယောက်တွဲ တိုက်စစ်ပါ၊ ဖလားမရရင် ၃ ယောက်စလုံး ထွက်သွားမယ်လို့ ပြောတာမဟုတ်ဘူးနော်၊ဒါပေမယ့် ဒီအချက်က ဆာလာကို ဒီမှာ ရှိနေစေတဲ့ အကြောင်းရင်းတစ်ခုပဲ၊” လို့ ဟက်စကီးက Daily Express ကိုပြောခဲ့ပါတယ်။
မန်စီးတီးက ဗုဒ္ဓဟူးနေ့မှာအဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပြီး လီဗာပူးကတော့ စနေနေ့ကျမှ ဘုန်းမောက်နဲ့ ကစားရပါမယ်။ အဲ့နောက် ဘိုင်ယန်နဲ့ ချန်ပီယ့လိဂ် ဆက်ကစားပြီးတာနဲ့ မန်ယူနဲ့ လိဂ်ပွဲ ပြန်ကစားရပါမယ်။