အတ္တလန်တာက ဟွိုက်လန်းရဲ့အသင်းဟောင်းပါ။

ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းကတော့ မနေ့ညက လီဗာပူးရဲ့ ယူရိုပါလိဂ်ရှုံးပွဲအပေါ် အချိန်နဲ့တစ်ပြေးညီ ထိုးနှက်လှောင်ပြောင်ခဲ့ကြောင်း သိရှိရပါတယ်။ လီဗာပူးဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အတ္တလန်တာကို အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။



ဟွိုက်လန်းဟာ အတ္တလန်တာ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကမှ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ မနေ့ညက သူ့အသင်းဟောင်း နိုင်ပွဲရရှိပြီးတဲ့နောက်မှာတော့ ဟွိုက်လန်းက ဆိုရှယ်မီဒီယာမှာ Hola Mia ဆိုတဲ့စာသားနဲ့အတူ အသင်းဟောင်းအတွက် အောင်ပွဲခံခဲ့ပါတယ်။

ဟွိုက်လန်းကတော့ ချိန်သားကိုက် လီဗာပူးကို ထိုးနှက်ခဲ့တာဖြစ်ပြီး သူ့အသင်းဟောင်းကို အားပေးဂုဏ်ပြုရင်းနဲ့ တစ်ပါတည်း လီဗာပူးကိုပါ ထိုးချသွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ဒီရာသီမှာ လီဗာပူးကို အစဉ်တစိုက် ဒုက္ခပေးနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

လီဗာပူးဟာ ဒီရာသီ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ သုံးပွဲစလုံးမှာ နိုင်ပွဲလုံးဝမရရှိခဲ့ဘဲ အက်ဖ်အေဖလားမှာလည်း ယူနိုက်တက်ရဲ့ ဖြုတ်ချခြင်းကို ခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ယူနိုက်တက်ကို နှစ်ကျော့စလုံး သရေကျခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ သရေကျခဲ့တာက အမှတ်ပေးဇယား​ဦးဆောင်မှုကိုပါ ဆုံးရှုံးစေခဲ့ပါတယ်။

အခုတစ်ကြိမ်မှာလည်း ဟွိုက်လန်းက လီဗာပူးရဲ့ရှုံးပွဲအတွက် ဆိုရှယ်မီဒီယာပေါ်မှာ အသင်းဟောင်းအတွက် အောင်ပွဲခံသလိုလိုနဲ့ အချိန်ကိုက် လီဗာပူးကို ထိုးနှက်ခဲ့တာဖြစ်ပြီး လီဗာပူးကတော့ တစ်ရာသီလုံး ယူနိုက်တက်တို့ ဒုက္ခပေးတာကို လှိမ့်ခံနေရတယ်လို့ ဆိုရမှာပါ။

Share

Loading Next Article...
က္က