အီဒင်ဟာဇက်ကတော့ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ကာရာဘောင်းဖလားပွဲမှာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် (၆)ပွဲ နဲ့ ချန်ပီယံလိဂ် (၁)ပွဲ ကစားအပြီး (၇)ပွဲလုံး နိုင်ပွဲဆက်နေတဲ့ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ချယ်လ်ဆီးကို လက်ခံကစားခဲ့ရတာ ဖြစ်ပါတယ်။
Photo : The Liverpool Offside
ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ လီဗာပူးလ်ရဲ့ စံချိန်ကို ရပ်တန့်ပစ်ခဲ့သူက ချယ်လ်ဆီးရဲ့ အဓိကကစားသမား ဟာဇက်ပါ။ ဟာဇက်ဟာ ဒီနေ့ပွဲမှာ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒန်နီရယ်စတားရစ်ချ်ရဲ့ ဦးဆောင်ဂိုးနဲ့ အန်ဖီးလ်မှာ လီဗာပူးလ်က ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးအတွက် အီမာဆင်က ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ဘာစီလိုနာ နဲ့ ရီးရဲလ်တို့ ရှုံးပွဲတွေ့ခဲ့တဲ့ လာလီဂါပွဲစဉ် (၆)
Photo : Trendsmap
ပွဲချိန် (၈၆)မိနစ်မှာ ဟာဇက်က အနိင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးမှာ ဟာဇက်ရဲ့ တစ်ဦးချင်းစွမ်းရည်မြင့်မားမှုကို မြင်တွေ့ခဲ့ရပါတယ်။ လီဗာပူးလ်ကစားသမားတွေကို ဟာဇက်က လှလှပပ လှည့်စားပြီးတော့ ထောင့်ကျဉ်းအနေအထားကနေ ဘောလုံးကို အပြင်းကန်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။
Photo : Bleacher Report
ဟာဇက်ရဲ့ လှုပ်ရှားမှု၊ မြန်ဆန်မှု နဲ့ တိကျတဲ့ ကန်သွင်းချက်တွေက လှပတဲ့ သွင်းဂိုးတစ်ဂိုးကို မြင်တွေ့ခွင့်ရစေခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ နိုင်ပွဲဆက်စံချိန်ကိုလည်း ချယ်လ်ဆီးက လိဂ်ဖလားပွဲစဉ်မှာ ရပ်တန့်ပစ်နိုင်ခဲ့ပြီး နည်းပြဆာရီလက်ထက် ရှုံးပွဲမရှိတဲ့ အသင်းစံချိန်ကိုလည်း ဟာဇက်က ထိန်းသိမ်းပေးနိုင်ခဲ့ပါတယ်။
Photo : Mirror
လီဗာပူးလ် နဲ့ ချယ်လ်ဆီးတို့ဟာ လာမယ့်အပတ်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၇)မှာ တွေ့ဆုံနေကြပြီး ဒီတစ်ကြိမ်မှာတော့ ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ရင်ဆိုင်ရမှာပါ။ နှစ်သင်းစလုံးက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေဖြစ်တာမို့ ဒီတစ်ပတ် တွေ့ဆုံမှုမှာ ဘယ်အသင်းရှုံးပွဲတွေ့မလဲဆိုတာက စိတ်ဝင်စားစရာပါ။ ဒီပွဲစဉ်အကြို လိဂ်ဖလားပွဲရဲ့ ရလာဒ်ကလည်း ပရီးမီးယားလိဂ်ပွဲကို ပိုမိုအရှိန်မြင့်တက်စေခဲ့ပါပြီ။