နောက်ထပ် ၅ ပွဲနိုင်ရုံနဲ့ ဖလားရပါပြီ။

ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့အနေနဲ့ လက်ကျန်ပွဲအားလုံးနိုင်ရင်တောင် အများဆုံး ၇၄ မှတ်ထိ ယူနိုက်တက်က ရရှိမှာ ဖြစ်ပြီး အာဆင်နယ်က ၇၀ သာရှိမှာပါ။

Image result for liverpool



၂၆ ပွဲကစားပြီးချိန် ရမှတ် ၇၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးဟာ လက်ကျန် ၁၂ ပွဲစလုံး ရှုံးနိမ့်ခဲ့ရင်တောင် ယူနိုက်တက်နဲ့ အာဆင်နယ်ရဲ့ အထက်မှာပဲ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားကို ကြည့်လိုက်မယ်ဆိုရင် လီဗပူးဟာ နောက်ထပ် ၅ ပွဲနိုင်တာာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခွင့်ရရှိသွားပါပြီ။

ဒုတိယနေရာက မန်စီးတီးက ၅၁ မှတ်သာရှိထားပြီး လက်ကျန် ၁၃ ပွဲစလုံးနိုင်ရင်တောင် စုစုပေါင်း ရမှတ် ၉၀ သာ ရှိမှာ ဖြစ်ပြီး လီဗာပူးက လက်ကျန် ၁၂ ပွဲထဲက ၅ ပွဲနိုင်ရုံနဲ့ ၉၁ မှတ်ဖြစ်သွားမှာကြောင့် ဖြစ်ပါတယ်။

အလားတူပဲ အဆင့် ၉ နေရာက ယူနိုက်တက်နဲ့အဆင့် ၁၀က အာဆင်နယ်အသင်းတို့ဟာ ဆိုရင်လည်း ရမှတ် ၃၅ နဲ့ ၃၄ မှတ်သာရှိကြတာပါ။

Image result for liverpool vs united

ယူနိုက်တက်အနေနဲ့ လက်ကျန် ၁၃ ပွဲကစားဖို့ရှိသေးပြီး ပွဲအကုန်နိုင်ရင်တောင် ၇၄ မှတ်သာ ရှိမှာ ဖြစ်ပြီး အာဆင်နယ်ကတော့လက်ကျန် ၁၂ ပွဲစလုံး နိုင်ရင်တောင် ရမှတ် ၇၀ သာရှိမှာ ဖြစ်ပါတယ်။

လီဗာပူးကတော့ လာမယ့် ကြားရက်မှာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲကစားပြီးရင် ဝက်စ်ဟမ်းနဲ့ လိဂ်ပွဲ ကစားရပါမယ်။

အဲ့နောက် ဝက်ဖို့ဒ်နဲ့ ဆက်ကစားပြီးရင် ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပဥ္ဓမအဆင့်ကို ဆက်လက်ကစားကာ ဘုန်းမောက်နဲ့ လိဂ်ပွဲပြန်ကစားရပါမယ်။

Image result for liverpool vs arsenal

ကြားထဲမှာအက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုကျော့ ထပ်ကစားပြီးရင်တော့ အဲဗာတန်အသင်း ရဲ့ အိမ်ကွင်း ဂွတ်ဒီဆင်ပတ်ခ်မှာ ကစားရမှာပါ။ ရှေ့မှာ ကစားခဲ့တဲ့ လိဂ် ၄ ပွဲဆက်သာ နိုင်ခဲ့ရင် ဒီပွဲက လီဗာပူးအ တွက် နိုင်တာနဲ့ ဖလားရမယ့်ပွဲဖြစ်ပြီး အခုလို ခါးသီးဒါဘီပြိုင်ဖက်ရဲ့ အိမ်ကွင်းမှာ ဆုဖလား ရယူနိုင်မလားဆိုတာ ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က