Photo: အေသင်ချိုဆွေ
အေသင်ချိုဆွေ တစ်ယောက် တစ်ဦးတည်းသော သမီးလေး Ivy ရဲ့ ချစ်စရာကောင်းအောင် ဆိုးသွမ်းမှုလေးတွေကို ပြောပြလာပါတယ်။
''တစ်နေ့တခြား မရိုးနိုင်သော အမှုအရာများနဲ့ ဘာတွေပြောမှန်းမသိ ပြောလိုက်တဲ့စကားတွေ သူကြောက်တဲ့ သတ္တဝါလည်း အခုထိမသိသေးဘူး။ ဘာဆိုဘာမှမကြောက်တတ်သော ကဲတာကလည်းဗြောင်းဆန်နေတာဘဲ'' လို့ သူကဆိုပါတယ်။
Photo: အေသင်ချိုဆွေ
Ivy လေးက အခုဆိုရင် ၁ နှစ်ကျော် အရွယ်ကို ရောက်လို့နေပါပြီ။ ဒီ့အတွက်ကြောင့်လည်း လည်လွန်း တက်လွန်းနေပြီလို့ အေသင်ချိုဆွေက ဆက်လက်ပြောပြထားပါသေးတယ်။
''တစ်ခါတလေ အပြင်လူတွေနဲ့ တွေ့ရင် သူက ချေတတ်သေးတာနော်။ မသိရင် လူကြီးတွေကသင်ပေးထားသလိုလိုနဲ့ မျက်လုံး အကြည့်တွေကအစ ဘယ်လိုတတ်လဲမသိ။ အရင်ကထက်လည်းပိုဂျီကျပြီး ပိုရစ်တတ်လာပြီ။'' ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: အေသင်ချိုဆွေ
အေသင်ရဲ့ သမီးလေး Ivy ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သမီးလေးဖြစ်ပါတယ်။ အရုပ်မလေးနဲ့တူလွန်းပြီး ချစ်ဖို့ကောင်းလှတဲ့ အေသင်ရဲ့ သမီးလေးဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေပါပြီ။ Ivy က ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ က အသက် တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။
Photo: အေသင်ချိုဆွေ
အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာ အလုပ် တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။