ပိတ်စ mask များ သို့မဟုတ် အခြား မျက်နှာကို ဖုံးအုပ်စရာများ အသုံးပြုသင့်ကြောင်း အကြံပြုထားပါတယ်။

COVID-19 ကပ်ရောဂါဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအတွင်း mask တပ်ခြင်းနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က လမ်းညွှန်မှု ပြင်ဆင်ပြောင်းလဲလိုက်ပါတယ်။

(Photo: Isaac Lawrence/Getty Images) 

ဆေးဘက်ဆိုင်ရာသုံး surgical mask တွေဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဦးစားပေးဖြစ်သင့်ကြောင်း၊ သို့သော် ဗိုင်းရပ်စ်ကူးစက်မှုလျှော့ချရန် နည်းလမ်းတစ်ခုအဖြစ် အများပြည်သူအနေနဲ့ ပိတ်စ mask များ သို့မဟုတ် အိမ်မှာပင် ဖန်တီးထားတဲ့ မျက်နှာကို ဖုံးအုပ်စရာများ အသုံးပြုသင့်ကြောင်း WHO က ဧပြီ ၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။



WHO ရဲ့ ယခု ပြောကြားမှုဟာ COVID-19 ကပ်ရောဂါ ကာလအတွင်း ယခင် အကြံပြုချက်ကို အဓိကကျတဲ့ ပြင်ဆင်ပြောင်းလဲမှု ဖြစ်လာပါတယ်။ COVID-19 ဗိုင်းရပ်စ်ဟာ လေထဲကနေ ကူးစက်ပျံ့နှံ့တဲ့ ဖြစ်နိုင်ခြေအချို့ရှိခဲ့ကြောင်းလည်း WHO အကြီးတန်း တာဝန်ရှိသူတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

(Photo: MediaCorp)

သို့သော် ကူးစက်ပျံ့နှံ့မှုဟာ အဓိက အကြောင်းရင်းဟာ ရောဂါလက္ခဏာများရှိနေသူတွေက ချောင်းဆိုးခြင်းနဲ့ နှာချေခြင်း၊ ဗိုင်းရပ်စ်ရှိနေတဲ့ အရာဝတ္တုပစ္စည်း မျက်နှာပြင်များဖြစ်တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက mask တပ်ခြင်းဟာ ဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရာမှာ ကောင်းကျိုးသက်ရောက်မှုရှိကြောင်း ထောက်ပြလာခဲ့ကြပြီး ဥရောပနိုင်ငံတွေမှာလည်း လူအများကြားသွားလာပါက နှာခေါင်းနဲ့ပါးစပ်ကို ဖုံးအုပ်ထားရန်လိုကြောင်း ပြောထားပါတယ်။

COVID-19 ဗိုင်းရပ်စ်ဟာ ချောင်းဆိုး၊ နှာချေခြင်းဖြင့်သာမကဘဲ စကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းဖြင့်ပင် ကူးစက်ပျံ့နှံ့နိုင်ကြောင်း သုတေသနရလဒ်က ဖော်ပြတယ်လို့ National Academy of Sciences (NAS) သိပ္ပံပညာရှင်အဖွဲ့က အမေရိကန်သမ္မတအိမ်ဖြူတော်ကို ဗုဒ္ဓဟူးနေ့ (ဧပြီ ၁ ရက်) ညမှာ ပြောကြားခဲ့ပြီး အများပြည်သူအနေနဲ့ mask တပ်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

(Photo: Reuters)

အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ Anthony Fauci ကလည်း အမေရိကန်တွေအနေနဲ့ လူအများကြား သွားလာခဲ့ပါက မျက်နှာကို ဖုံးအုပ်ထားသင့်ကြောင်း ဧပြီ ၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။ သို့သော် တတ်နိုင်သမျှ နေအိမ်မှာပင် နေကြရန် ၎င်းက တိုက်တွန်းခဲ့ပါတယ်။

ယခုအခါမှာတော့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (Centers for Disease Control and Prevention - CDC) က အမေရိကန်အားလုံး လူအများကြားသွားလာပါက ပိတ်စ mask များ တပ်ဆင်သင့်ကြောင်း အကြံပြုလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ပြည်သူတွေကို ပိတ်စ mask တပ်ကြရန် CDC ရဲ့ အကြုံပြုချက်အတိုင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
(Photo: Spencer Platt/Getty Images)

နယူးယော့ခ်မြို့တော်ဝန် Bill de Blasio ကတော့ မြို့ခံများအားလုံး နေအိမ်ပြင်ပသွားလာချိန်မှာ ၎င်းတို့ရဲ့ မျက်နှာတွေကို ဖုံးအုပ်ထားကြရန် ဧပြီ ၂ ရက်နေ့မှာ တိုက်တွန်းထားခဲ့ပါတယ်။ "ရှင်းအောင်ပြောရရင် ဒါက မျက်နှာကို ဖုံးအုပ်ထားတာပါ၊ လည်စည်းပဝါတစ်ခုလည်း ဖြစ်နိုင်ပါတယ်၊ ကိုယ့်ဘာသာ အိမ်မှာ ဖန်တီးထားတဲ့ တစ်ခုခုလည်း ဖြစ်နိုင်တာပဲ၊ လက်ကိုင်ပဝါအကြီးတစ်ခုနဲ့လည်း မျက်နှာကိုဖုံးထားနိုင်တာပါပဲ" လို့ မြို့တော်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။

Source: Reuters, SCMP, Washington Post

Share

Loading Next Article...
က္က