ကိုယ့်မိသားစုဝင်တွေလိုသဘောထားပြီး ဂရုစိုက်တာပါ။

ပိုင်ဖြိုးသုက ချို့တဲ့တဲ့ အနုပညာရှင်မောင်နှမတွေကို တတ်နိုင်သလောက် အမြဲ လှူဒါန်းပေးတတ်သူ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ သက်စွန့်စံဖျားလုပ်ကိုင်ရလေ့ရှိတဲ့ လူကြမ်းတွေနဲ့ စက်မှုအဖွဲ့သားတွေကို အသက်အာမခံလုပ်ပေးဖို့ အစီအစဉ်ကိုလည်း စတင်နေပါပြီ။



PPT1.jpg 

သရုပ်ဆောင် ပိုင်ဖြိုးသုက လူကြမ်းတွေနဲ့ စက်အဖွဲ့သားတွေကို အသက်အာမခံလုပ်ပေးဖို့ သူမရဲ့မွေးနေ့ကတည်းက စီစဉ်နေတာပါ။ အနုပညာအသိုင်းအဝိုင်းက အားနည်းတဲ့သူတွေကို အမြဲကူညီဖြစ်တဲ့ ပိုင်ဖြိုးသုက သူမရဲ့အလှူဒါနတွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

"သူတို့ဘက်က လူစာရင်းစုနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့သားတွေက ဝင်လိုက်ထွက်လိုက်တွေလည်း ရှိတော့ သူတို့ရဲ့ခေါင်းဆောင်တွေက ပြောတာကျတော့ အမြဲတမ်း ဒီအဖွဲ့ထဲမှာ ဝင်နေတဲ့သူတွေကိုပဲ ဦးစားပေးပေးပါပါနော်။ သုအနေနဲ့ကျတော့ အားလုံးကျ မတတ်နိုင်တော့မတတ်နိုင်ဘူး" လို့ ပိုင်ဖြိုးသုက ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

ပိုင်ဖြိုးသုကို ရွေးချယ်ဖြစ်တဲ့အကြောင်းပြောလာတဲ့ ဏကြီး 

သူမထက် လှူနိုင်တဲ့သူတွေအများကြီးရှိပြီး သူတို့တွေ သတိပြုမိအောင် စပြီး လုပ်ပေးဖြစ်တာပါလို့ သုသုက ဆိုပါတယ်။ ပိုင်ဖြိုးသုက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကို မိသားစုလို သဘောထားသူပါ။ မိသားစုဝင်တွေထဲက ပိုအားနည်းတဲ့သူကို ပိုဂရုစိုက်တဲ့သဘောပါလို့ ပြောပြပါတယ်။

 

"အမြဲပုံမှန်လိုလို လုပ်ပေးဖြစ်သွားမှာပါ။ သုတတ်နိုင်တဲ့ ဘောင်အတွင်းကနေ သုတတ်နိုင်သလောက် အမြဲတမ်း လုပ်ပေးချင်တဲ့ စိတ်လေးရှိတယ်" လို့ စိတ်သဘောထားကောင်းတဲ့ အကယ်ဒမီဆုရှင်လေးက ဇူလိုင်လ ၂၈ ရက်နေ့က  Revlon နဲ့ Lush Magazine တို့ ပူးပေါင်းကျင်းပတဲ့ Luscious Party ကို တက်ရောက်လာရင်း မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

သူမအနေနဲ့ အခုလိုလုပ်ပေးတာက အနည်းငယ်သာဖြစ်ကြောင်းနဲ့ သူမရဲ့ဆရာတွေဆို ဒီထက်တောင် လုပ်နိုင်ပါသေးတယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။ ဖောင်ဒေးရှင်းထောင်ပြီး လုပ်နေတဲ့သူတောင်ရှိပြီး သူမကတော့ အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့သာ ပါဝင်ဖြစ်တာပါလို့ ပိုင်ဖြိုးသုက သူ့ကိုသူ နှိမ့်ချပြောဆိုခဲ့ပါတယ်။

 

ပိုင်ဖြိုးသု က ဇွန်လအတွင်းမှာ သူ့ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားခဲ့ပါသေးတယ်။ အခုချိန်မှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေပြိလို့ သိရပါတယ်။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်ရိုက်ဖို့ရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်

ဒါရိုက်တာ ဏကြီးနဲ့ ဇွန်လအတွင်းက စေ့စပ်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဆေးကျောင်းတစ်ဖက်နဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာကာ ယခုဆိုရင် အကယ်ဒမီဆုတစ်ဆုကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။ ဒေါက်တာမလေး ပိုင်ဖြိုးသုက ဇူလိုင်လ ၂၉ ရက်နေ့ မှာ ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က