ဒီနေ့ဟာ မင်းသွေးကို ပိုပြီး အမှတ်ရစေတဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။

စည်ဖြိုးတစ်ယောက် မင်းသွေးကို သတိရခြင်းများစွာနဲ့ စာလေးတစ်စောင်ရေးထားပါတယ်။ သတ်ကွင်း ရုံတင်ချိန်မှာ အားလုံးက မင်းသွေးကို သတိရနေကြမှာပါ။

အားလုံးရဲ့ ရင်ထဲမှာ အခုချိန်ထိ မေ့မရဖြစ်နေတဲ့ အနုပညာရှင်တစ်ဦးရှိပါတယ် ။ သူက မင်းသွေးပါ။ ဒီနေ့မှာ သူကိုယ်တိုင် ကြိုးစား အားထုတ်ထားတဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေပြီဖြစ်ပါတယ်။ သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကို အတူတူပုံဖော်ထားတဲ့ စည်ဖြိုးကလည်း မင်းသွေးကို လွမ်းလွန်းလို့ တမ်းတတဲ့အနေနဲ့ စာလေးတစ်စောင်ရေးပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။

သို့/ ကိုကြီး ...ကိုကြီးရေ..နောက်တစ်နာရီဆို ကိုကြီးအရမ်း ရင်ခုန်နေမယ့်နေ့ကို..ရောက်ပြီ.. ၁၄.၁၂.၂၀၁၈ နေ့ ကိုကြီး ရဲ့ master piece ဖြစ်တဲ့ "သတ်ကွင်း" ကို တစ်ပြည်လုံးပြသခွင့်ရတော့မယ်.."ငါတို့ကားကကွာ Christmas မှာပြရမှာကွ ဆောင်းတွင်းညနဲ့ သတ်ကွင်းရဲ့ရာသီဥတုအုပ်မှိုင်း အေးစက်မှု..နဲ့ အဲmood မျိုးနဲ့ကြည့်ရမှကွ အာ့မှကွက်တိ.. မိတ်ဆွေ" လို့ကိုကြီးပြောခဲ့တဲ့စကားအတိုင်းပေါ့ဗျာ....ကိုကြီးဖြစ်စေချင်တာတွေပြောခဲ့တဲ့အတိုင်း ညီတို့ သတ်ကွင်းအဖွဲ့ သားတွေအားလုံး .. ကိုယ်တတ်နိုင်သလောက်တိုင်ပင်ကြ ငြင်းခုန်ကြ ရန်ဖြစ်ကြနဲ့.. စိတ်မဆိုးနိုင်ကြ ပဲကိုကြီးဆန္ဒပြည့်စေရေးကိုပဲအဓိက ထားဦးတည်ပြီး အစွမ်းကုန်ကြိုးစားပေးနေကြပါတယ်.. ကိုကြီးပြောသလို ကိုကြီးကို .. တစ်ကယ်ချစ်ပါတယ်ဆိုတဲ့ သူတွေ လာအားပေးကြတာ ကိုကိုကြီးတွေ့ရ.. မြင်ရတော့မှာလေ” ဆိုပြီး ဒီဇင်ဘာ(၁၄) ရက်နေ့က စည်ဖြိုးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း မင်းသွေးနဲ့ သံသရာမှာ ပြန်ဆုံးကြဦးမှာပါဆိုပြီး စည်ဖြိုးက ပြောထားပါသေးတယ်။ "ကိုကြီး မေတ္တာစစ်မယ်ဆိုတဲ့ မေတ္တာစစ်ပွဲ .. မှာကိုကြီးဘာလို့များဆက်ရှိမနေပေးတာလည်းဗျာ .. ကိုကြီးချပြ တဲ့မေတ္တာကို ဘယ်သူတွေလာခံယူမလဲကြည့်ပြီး ပီတိတွေနဲ့ထပ်တူကြရမယ့်အချိန်.. ၁၄.၁၂.၂၀၁၈ .. ကိုကြီး ဆန္ဒပြည့်ဝပါစေဗျာ နိဗ္ဗာန် မရောက်သရွေ့တော့ သံသရာ မှာ ပြန်ဆုံကြဦးမှာပါကိုကြီး .. အဲ့ကြရင် ကျွန်တော်တို့ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြောပြမယ် .. ကိုကြီးကနားထောင်ပြီး ချီးကျူးစရာရှိချီးကျူး ဆဲစရာရှိ ဆဲပေါ့ ဗျာ... တမလွန်ကို ဗရာဏသီကြိုးနဲ့ချီတာမဟုတ်ဘူးနော် .. ဒါဟာလွမ်းလွန်းလို့တမ်းတတဲ့စာ ကိုကြီးရဲ့ ညီ ရဲဘော် "ဖိုးစည်"ဆိုပြီး ပြောထားပါတယ်။

ဒါရိုက်တာ သားညီ၊ မင်းသွေး၊ စည်ဖြိုး၊ နေရဲတို့ပုံဖော်ထားခဲ့တဲ့ “သတ်ကွင်း”ရုပ်ရှင်ဇာတ်ကားကြီးက ဒီနေ့မှာ စပြီး ရုံတင်ပြသနေပြီဖြစ်ပါတယ်။

သတ်ကွင်း ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသချိန်မှာ ပရိသတ်တွေအားလုံးရဲ့ ရင်ထဲမှာ သတိတရ အရှိဆုံးကမင်းသွေးပါ။ သူကိုယ်တိုင် အားထုတ်ကြိုးပမ်းခဲ့ရတဲ့ ဇာတ်ကားကြီး ရုံတင်ချိန်မှာ သူမရှိတော့တဲ့အတွက် အားလုံးက ဝမ်းနည်ကြေကွဲလို့နေကြပါတယ်။

Share

Loading Next Article...
က္က