ဒီဇင်ဘာလ ၁၄ ရက်နေ့ဆိုရင် သတ်ကွင်း ရုံတင်ပြီဖြစ်ပါတယ်။

နေတိုး ကတော့ '' သတ်ကွင်း'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ညီဖြစ်သူ မင်းသွေးကိုယ်စား ကျေးဇူးတင်စကားတွေ ပြောလာပါတယ်။ သူကိုယ်တိုင်ကလည်း ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်တဲ့။



Photo: နေတိုးပေ့ချ်

 

သရုပ်ဆောင် အကယ်ဒမီ နေတိုးက ညီလေးဖြစ်သူ မင်းသွေးကိုယ်တိုင် အားကြိုးမာန်တက် ပါဝင်သရုပ်ဆောင်ထားတဲ့ ''သတ်ကွင်း'' ရုပ်ရှင် ဇာတ်ကားအတွက် ဝန်းရံပေးကြတဲ့ အနုပညာရှင်တွေ နဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောပြလာပါတယ်။

'' (သတ်ကွင်း )ရုပ်ရှင်ကားကိုအခုလိုရုံတင်ပြသနိုင်တဲ့ အချိန်တခုကိုရောက်လာအောင် နောက်ကွယ်မှ ကူညီပေးခဲ့ကြ သော အနုပညာ အတတ်ပညာရှင်များအားလုံးနဲ့ ကြည့်ရှု အားပေးကြမဲ့ပရိသတ်များအားလုံးကို မင်းသွေးရဲ့ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြား ရင်း။ သတိရခြင်းများစွာဖြင့် နေတိုး'' ဆိုပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ပေ့ချ် ကနေ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီမှာ ရေးသားခဲ့ ပါတယ်။

Photo: နေတိုးပေ့ချ်

 

'' သတ်ကွင်း'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း နေတိုးကိုယ် တိုင်က အထူးဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင်ထားတာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို အဲဗားတော့ပ်၊ မြိုင်သရဖူ၊ ဟာသ ညီ နောင် ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။

Photo: နေတိုးပေ့ချ်

 

သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သားညီ ကိုယ်တိုင် ရိုက်ကူးထားပြီး မင်းသွေး၊စည်ဖြိုး၊ နေရဲ၊ ထူးခြားတို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။ဒါရိုက်တာ သားညီကိုယ်တိုင် ရိုက်ကူးပြီး သရုပ်ဆောင် မင်းသွေးတစ်ယောက် မျှော်လင့်တောင့်တခဲ့ရတဲ့ "သတ်ကွင်း" ရုပ်ရှင်ဇာတ ်ကားကြီးဟာ ဒီဇင်ဘာ(၁၄) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Photo: နေတိုးပေ့ချ်

 

နေတိုးဟာ ညီဖြစ်သူရဲ့ နောက်ဆုံးခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ အကိုကြီး ပီပီအကောင်းဆုံးဖြစ်အောင် မိသားစုကို ဦးဆောင်ပြီး လုပ်ဆောင် သွားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ များပြားလှတဲ့ လူအုပ်ကြီးထဲမှာ မိခင်ဖြစ်သူကို ရင်ခွင်ထဲမှာထည့် မိသားစုကို ဦးဆောင်ပြီး ညီဖြစ်သူရဲ့ နောက်ဆုံး ခရီးကို တည်ငြိမ်စွာ လိုက်ပို့နိုင်ခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က