မိန်းမကိုလည်း အရမ်းချစ်တယ်တဲ့။

အာဇာနည်နဲ့ ဝမ်း တို့ရဲ့ ဒုတိယမြောက်သားလေး ချစ်ချစ်တုန်က ဒီနေ့(ဇန်နဝါရီလ ၁၀) ရက်နေ့မှာ တစ်နှစ် ပြည့်ပြီလို့ သိရပါ တယ်။ သူတို့ ဇနီးမောင်နှၤဟာ ချစ်စရာကောင်းတဲ့ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိဘတွေလည်း ဖြစ်ပါတယ်။

 

Photo : Rဇာနည် FB

အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ ဒုတိယမြောက်သားလေး ချစ်ချစ်တုန်က ဒီနေ့ (ဇန်နဝါရီလ ၁၀) ရက်နေ့မှာ အသက် ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒီမိသားစုလေးအတွက် ပိုလိမ္မာသွားမယ်လို့လည်း အာဇာနည်က ရင်ဖွင့်စကားပြော ပြထားပါသေးတယ်။

'' Happy Birthday သားငယ်လေး။ သားလေးရှိလာတော့ ပါပါး ပိုလိမ္မာသွားတော့မယ်။ အရမ်းချစ်တယ် မိန်းမရယ်၊ သားကြီး ကိုကိုဖစ် ရယ်၊ ချစ်လေးရယ်၊ ကျေးဇူးလဲအရမ်းတင်ပါတယ် အရမ်းချစ်တယ်။ '' ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

 

Photo : Rဇာနည် FB

သားငယ်လေး ချစ်ချစ်တုန်ရဲ့ မွေးနေ့မှာတော့ သူတို့ မိသားစုလေးကို ချစ်ကြတဲ့ ပရိသတ်တွေရယ်၊ အနုပညာအသိိုင်းအဝိုင်းက ညီအစ်ကို မောင်နှမတွေကလည်း ဖေ့စ်ဘွတ် Comment ကနေ တဆင့် မွေးနေ့ ဆုတောင်း ပေးခဲ့ကြတာဖြစ်ပါတယ်။ အာဇာနည် နဲ့ ဝမ်းတို့ရဲ့ သားနှစ်ယောက်ဟာ ချစ်စရာကောင်းလွန်းတာကြောင့် သူတို့ကိုချစ်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင် ခွင့်ရနေပြီဖြစ်ပါတယ်။

 

Photo : Rဇာနည် FB

အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် မော်ဒယ် ဝမ်း တို့ဟာ ဒီနေ့(အောက်တိုဘာလ ၂၇ရက်နေ့)မှာပဲ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီ လို့ သိရပါတယ်။ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရ အနေနဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာကျောင်းက သံဃာတော်များကို နေ့ဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 

Photo : Rဇာနည် FB

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာပဲ အသက် ၁ နှစ်ပြည့် ခဲ့ပြီဖြစ်ပါတယ်။ အာဇာနည် ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားကြီးလေးဖစ်ဖစ်တုန် ကတော့ အခုဆိုရင် ၉ နှစ်ကျော် အရွယ်ရှိနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က