သူမရဲ့ချွေးနည်းစာနဲ့ ကုသိုလ်ယူခဲ့တာပါ။

သရုပ်ဆောင် ခင်သဇင်က မိခင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်နေပါတယ်။ သူမရဲ့ ချွေးနှဲစာနဲ့စုပြီး အမြန်လမ်းမှာရှိတဲ့ တရားစခန်းကျောင်းကို နှစ်ထပ်ခွဲကျောင်းဆောင်အဖြစ် ဆောက်လုပ်လှူဒါန်းဖို့ သိန်း(၃၀၀)လှူဒါန်းခဲ့တာပါ။

(မိခင်အား ရည်စူးပြီး အလှူလုပ်နေတဲ့ ခင်သဇင်) (Photo : ခင်သဇင်)

သရုပ်ဆောင် ခင်သဇင်က မိခင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်နေပါတယ်။ ကွယ်လွန်သွားတဲ့ မိခင်ကြီးရဲ့ (၇)နှစ်ပြည့် အလှူအတွက် သူမရဲ့ ချွေးနှဲစာလေးတွေကို သိန်း(၃၀၀) လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်အမြန်လမ်း(၁၁)မိုင်မှာရှိတဲ့ တရားစခန်းကျောင်းကို နှစ်ထပ်ခွဲ ကျောင်းဆောင် ဆောက်လုပ်ဖို့အတွက် သိန်း(၃၀၀) မတည်ခဲ့တာပါ။

(သူမ မတည်ဆောက်လုပ်ပေးမယ့် တရားစခန်းကျောင်း) (Photo: ခင်သဇင်)

နှစ်ထပ်ခွဲကျောင်းဆောင်ကို မတည်ပြီး ဆောက်လုပ်လှူဒါန်းမှာ ဖြစ်ပါတယ် အဓိဌာန်လို့အမည်ရတဲ့ တရားစခန်းကျောင်းဆောင်လေးဟာ လှူဒါန်းသူ နည်းပါးနေတာကြောင့် ဆွမ်းချက်ဆောင်၊ ယောဂီများဆွမ်းစားဆောင်၊ သံဃာတော်များ ဆွမ်းစားဆောင်နှင့် ရဟန်းများ နားနေဆောင်များမှာ အောက်ဖော်ပြပါ ပုံအတိုင်း များစွာ နွမ်းပါးချို့တဲ့လျှက်ရှိပါတယ်” ဆိုပြီး ဇန်နဝါရီ(၂၄) ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

(သူမ မတည်ဆောက်လုပ်ပေးမယ့် တရားစခန်းကျောင်း) (Photo: ခင်သဇင်)

ခင်သဇင်ဟာ အဲ့ဒီတရားစခန်းကျောင်းပုံလေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြပေးထားပါတယ်။ တကယ်လိုအပ်နေတဲ့ နေရာမှာ လှူဒါန်းခွင့်ရတာဖြစ်လို့လည်း သူမအနေနဲ့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆက်လက်ပြောထားပါသေးတယ်။

“တကယ်လိုအပ်နေတဲ့ နေရာကို လှူဒါန်းရတာဖြစ်တဲ့ အတွက်ကြောင့် အတိုင်းမသိ ပီတိ ဖြစ်ရသလို ဒီ အလှူကုသိုလ်ကို ကွန်လွန်သူမိခင်ကြီး အားလည်းရစေချင်ပါတယ်တစ်ဖက်တစ်လမ်းက ပါဝင်လှူဒါန်းချင်ပါကလည်း အတွင်းပိုင်း facilities များနှင့်ရေ၊ မီး၊ မျက်နှာကြက်နဲ့ ကြမ်းပြင် များကို ပါဝင်လှူဒါန်းနိုင်ပါတယ်” ဆိုပြီး သူမက ပြောပါတယ်။

Photo : ခင်သဇင်

ခင်သဇင်ဟာသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တာဝန်ယူကုသပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမက ကာလာစုံ Lesson ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တီဗီကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတာဖြစ်ပြီး '' မိန်းမကြမ်းကြီးများ'' ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က