မိခင်ရဲ့ ကျန်းမရေး အခြေအနေကြောင့် ဘန်ကောက်ကို ရောက်နေတဲ့ ကော်နီက City FM ပွဲကို မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။. ဆေး သီချင်းလေးကို ဆုရမလားဆိုပြီး မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက်လည်း ဆုပေးမယ့် စာရင်းထဲမှာမပါဘူးဆိုပြီး ပြောထားပါသေးတယ်။
Photo : ကော်နီ FB
အဆိုတော် ကော်နီက ဒီနေ့(ဇန်နဝါရီ၁၂ရက်)ညမှာ ပြုလုပ်ကျင်းပမယ့် City FM ပွဲကို မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ မိခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ကော်န်ီဟာ လက်ရှိမှာ ဘန်ကောက်ကို ရောက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့သော လပိုင်းလောက်က ထွက်ထားတဲ့ သူမရဲ့ “ဆေး” သီချင်းနဲ့ ပတ်သက်ပြီး ဆုရဖို့ မျှော်လင့်နေကြတဲ့ ပရိသတ်တွေအတွက်ကိုလည်း သူမက ယခုလို ပြောထားပါသေးတယ်။
Photo : ကော်နီ FB
“ကျွန်မရဲ့,ဆေး, သီချင်းလေးကို,ဆုရမလားလို့မျှော်လင့်နေတဲ့ချစ်ပရိတ်သတ်ကြီးရေ, မမျှော်လင့်ပါနဲ့, ဆုလုံးဝမချိတ်ပါဘူးလို့နော်,? အနီးဆုံးအိမ်နီးချင်းရပ်ကွက်ရဲ့ခိုင်လုံတဲ့သတင်းပါ, မကော်သီချင်းလေးက,နှစ်ကုန်ခါနီးမှထွက်ခဲ့တာမို့, ရွေးချယ်တဲ့ထဲမှာအသိအမှတ်မပြုခဲ့ဘူးလို့ဆိုပါတယ်,အမှန်အတိုင်းပြောရရင်,ဒီအရွယ်မှာ,ဆုယူဘို့ဆိုတာ,, ကျွန်မရင်ထဲမရှိသလို, စိတ်လည်းမဝင်စားခဲ့ပါဘူး,?ကိုယ့်ပရိတ်သတ်တွေ,Message ပို့လာတာရော, ကိုယ့်အချင်းချင်း,သို့လောတွေပြောလာတာမို့, လူကနဲနဲတော့အူကြောင်ကြားဖြစ်သွားတာမျိုးပါ, ဘဝတသက်တာ, အနှစ်၃၀,ကျော်ဘာဆုမှမရဘူးတာမို့, သတိတောင်မထားမိတာမျိုးပါ,ဆုရတဲ့ခလေးတွေအတွက်တော့,ကြိုပြီး, လက်ခုတ်တီးပေးပါတယ်နော်” ဆိုပြီး ဇန်နဝါရီ(၁၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ ဖြစ်ပါတယ်။
Photo : ကော်နီ FB
ဆေး သီချင်းလေးဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားနိုင်တာဟာ သူမအတွက် ဘာနဲ့မှ လဲလို့ မရတဲ့ ဆုလေးပါလို့ ဆိုပါသေးတယ်။
“သေချာတာတခုက,ဒီ,ဆေး,သီချင်းလေးရဲ့,,အောင်မြင်မှုဆိုတာ,ပရိတ်သတ်ရင်ထဲကတကယ်, ကျေကျေနပ်နပ်,ပေးတဲ့,မကော်ရဲ့ဘဝအတွက်, ဘာနဲ့မှလဲလို့မရတဲ့ဆုလေးရယ်ပါ, ဘာလို့လဲဆို, ဒီသီချင်းလေးမထွက်ခင်နေ့တွေထဲက, မိခင်ကြီးကျန်းမာရေးအတွက်,ပြေးလွှားပူပင်နေရတာမို့, ဒီသီချင်းလေးနဲ့ပတ်သက်လို့ခုထိ,သေချာကြည်နူး,ပျော်ရွှင်ခွင့်,ကျေးဇူးတင်ကြောင်းလေးတောင်, မပြောနိုင်,မရေးနိုင်ခဲ့သေးတာမျိုးမို့, ဒီသီချင်းလေးရဲ့အောင်မြင်မှုကပရိတ်သတ်တွေ, ရင်ထဲက,မကော်ကိုပေးခဲ့တဲ့,စစ်မှန်သောဆုလေးမို့, ရင်ထဲမှာကြည်နူးဝမ်းသာကျေနပ်မှု,တွေက,, ဘယ်အရာနဲ့မှမလဲနိုင်ပါလို့,,” ဆိုပြီး သူမက ဆက်လက်ပြောထားပါသေးတယ်။
Photo : ကော်နီ FB
ကော်နီဟာ ဆယ်စုနှစ်များစွာ ဂီတလောကထဲမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် မိခင်ရဲ့ ကျန်းမာရေးအတွက်ကိုလည်း ပြုစု စောင့်ရှောက်ပေးနေရတာကြောင့် ဂီတအလုပ်တွေ သိပ်မလုပ်ဖြစ်သေးပါဘူးတဲ့။
အနုပညာအလုပ်တွေ လုပ်နေသလို သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ကုသိုလ်ကောင်းမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ မိခင်နဲ့အတူတရားစခန်းဝင်ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းလောက် အဆိုတော် မီမီဝင်းဖေတို့နဲ့အတူ အောင်ဆန်း ဆရာတော်ကျောင်းမှာ တရားနာကုသိုလ်ယူ ခဲ့တာလည်း တွေ့ရပါတယ်။