သမီးလေးကလည်း အရမ်းကို ချစ်ဖို့ကောင်းတာနော်။

အေသင်ချိုဆွေဟာ သမီးလေးနဲ့အတူ ခိုစာကျွေးရင်းနဲ့ သမီးနဲ့ ပတ်သက်တဲ့ ခံစားချက်လေးကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောပြခဲ့တာပါ။

သမီးလေးနဲ့ ခိုစာကျွေးနေတဲ့ အေသင်

 

Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေး Ivy နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ အေသင်ချိုဆွေဟာ သူမလိုချင်တဲ့ နွေးထွေးမှုလေးတွေက သမီးလေး ရောက်လာမှ ရလာတာပါလို့ ဆိုပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ အေသင်ချိုဆွေဟာ သမီးလေးနဲ့အတူ ခိုစာကျွေးရင်းနဲ့ သမီးနဲ့ ပတ်သက်တဲ့ ခံစားချက်လေးကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောပြခဲ့တာပါ။

"မေမေ ချစ်သမီးလေးရေ။သမီးလေး မေမေ့ ဘဝထဲ ရောက်လာမှ မေမေ လိုချင်တဲ့ ငြိမ်းချမ်းမှု နွေးထွေးမှုလေးတွေကို ပိုင်ဆိုင်လာ နိုင်ခဲ့တာပါ။" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၃၀) ရက်နေ့က ရေးသားထားတာပါ။

သမီးလေးနဲ့ ခိုစာကျွေးနေတဲ့ အေသင်

 

သူမရဲ့ ဘဝမှာ အခက်အခဲဆုံး အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း သမီးလေး Ivy ဘေးနားမှာ ရှိနေတဲ့အတွက် အရမ်းကြီး ခက်ခဲခဲ့ရတာ မျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

"အခက်အခဲဆုံးအချိန်တွေကတော့ ကိုယ်ဝန်ရှိတဲ့အချိန်ပေ့ါ။ အဲ့ချိန်တွေက ခက်ခဲတယ်ဆိုပေမယ့်စိတ်အားငယ်ရတာတွေပေ့ါ။ တစ်ယောက် တည်းရှိတဲ့ အချိန်တွေမှာပေါ့။ဒါပေမယ့် အကောင်းဆုံးပဲ နေနိုင်ပါတယ်။ ကိုယ်ဘယ်လောက်ပဲ အထီးကျန်အထီးကျန် ကိုယ်စိတ်ထဲမှာ ပြန်သွင်း မိတာက ငါ့မှာ ivy လေးရှိတယ်ပေ့ါ။ အဲ့စိတ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ပင်ပန်းဆုံးအချိန်တွေကတော့ အေသင်အခုဝိတ် ချတဲ့အချိန် တွေလို့ပဲ ပြောရ မှာပါ။အဲ့တုန်းက အဲ့လောက်ထိတော့မဟုတ်ပါဘူး။ အဲ့အကြောင်းတွေလည်း မစဉ်းစားချင်တော့ပါဘူး"လို့ သြဂုတ်လ(၂၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အေသင်ချိုဆွေရဲ့ သမီးလေးရဲ့ (၁)နှစ်ပြည့်မွေးနေ့အလှူမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးမဟုတ်လို့ ၂၄ နာရီ လှနေစရာမလိုဘူးဆိုတဲ့ အေသင်ချိုဆွေ 

အေသင်ရဲ့ သမီးလေး Ivy ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သမီးလေးဖြစ်ပါတယ်။ အရုပ်မလေးနဲ့တူလွန်းပြီး ချစ်ဖို့ကောင်းလှတဲ့ အေသင်ရဲ့ သမီးလေးဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေပါပြီ။

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။

 

သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလို မကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ် ပါတယ်။

Share

Loading Next Article...
က္က