သမီးလေးတွေနဲ့ မေမေကတော့အံ့သြလို့နေပါတယ်။

သမီးလေးတွေ ဆံပင်နဲ့တူအောင် ညှပ်ထားပြီး သမီးနှစ်ယောက်နဲ့ ချစ်ဇနီးကို အံ့သြအောင် လုပ်ခဲ့တာပါ။ သမီးလေးတွေက အဖေနဲ့တူလို့ ချောတာလို့လည်း ပြောထားသေးတယ်နော်။

Photo : လင်းလင်း



လင်းလင်းရဲ့ ဆံပင်စတိုင်လ်ကြောင့် ချစ်ဇနီးလေးရော သမီးလေးတွေပါ အံ့အားသင့်ခဲ့ရပါတယ်။ လင်းလင်းက သမီးလေးတွေရဲ့ ဆံပင်စတိုင်လ်နဲ့တူအောင်လို့ သူ့ရဲ့ ဆံပင်စတိုင်လ်ကို ပြောင်းလိုက်တာပါ။ ကေတူမောင်နှစ်မသုံးယောက်ဆိုပြီး လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်လေးမှာ ပုံလေးတွေ တင်ရင်း ပြောထားတာတွေ့ရပါတယ်။

သမီးတွေနဲ့ပတ်သတ်ရင် ကမ္ဘာပေါ်ကအဖေတွေဟာအရူး ငပေါတွေဆိုတာ သိပ်မှန်တာဘဲ။ကေတူ မောင်နှမသုံးယောက် ယခုပုံများနှင့် movie ဖိုင်အားကြည့်ခြင်းအားဖြင့် မေမေထရီဇာရဲ့ ပရိတ်သတ်များအနေနဲ့ သမီးတွေဟာ အဖေနဲ့တူလို့ ချောမောခြင်းအား ကန့်ကွက်မဲမရှိ လက်ခံပေးကြစေကုန်သောဝ်” ဆိုပြီး လင်းလင်းက ဇွန်လ(၁၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။

Photo : လင်းလင်း

သမီးလေးတွေနဲ့ အတူ ရိုက်ထားတဲ့ ပုံလေးတွေ ကြည့်ပြီး ပရိသတ်တွေကလည်း သမီးလေးတွေက လင်းလင်းနဲ့ တူကြောင်း ပြောထားပါသေးတယ်။သမီးလေးနှစ်ယောက်မှာ အဖေနဲ့တူတဲ့ အချက်လေးတွေရှိတယ်ဆိုပြီး လင်းလင်းက ပြောပြထားတာတွေ့ရပါတယ်။ ခေတ်နဲ့သစ်က ကျောင်းဆင်းချိန်ဆိုရင် လွယ်အိတ်နဲ့ရေဗူးတွေကို တရွတ်တိုက် ဆွဲပြီးသွားတာလေးတွေက အဖေနဲ့တူတယ်ဆိုပါတယ်။

Photo : လင်းလင်း

လင်းလင်းဟာ ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီး ကိုပိုင်ဆိုင် ထားတဲ့ ေမမြန်မာခေတ် နဲ့ မေမြန်မာ သစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။

အဆိုတော် လင်းလင်းရဲ့ (၅)ခွေမြောက် တစ်ကိုယ်တော်အခွေကို မကြာခင် ပရိသတ်တွေလက်ထဲ အ ရောက်ပို့ပေးနိုင်တော့မှာလို့ သိရပါတယ်။ကိုယ်တိုင် ဦးဆောင်ပြီး ဂီတအတွက် အားစိုက်ထုတ်ထားတဲ့ လင်းလင်းရဲ့ တစ်ကိုယ်တေ်ာအခွေကို "ပထမ"လို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က