ဒီနေ့ပဲ မွေးဖွားလိုက်တာဖြစ်ပါတယ်။

ဟာသလူရွှင်တော် သရုပ်ဆောင် ကြာစိ ဟာ စက်တင်ဘာလ ၂၄ ရက်နေ့ ဒီနေ့ မနက်မှာပဲ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ဦး ပိုင်ဆိုင် သွားပါပြီ။ သမီးလေးအတွက် ဝမ်းသာပီတိစကားတွေကိုလည်း ဇနီးမောင်နှံ နှစ်ယောက်စလုံးက အခုလို ပြောပြခဲ့ပါတယ်။

Photo: ကြာစိဖေ့စ်င်္ဘွတ်

 

ဟာသလူရွှင်တော်၊ သရုပ်ဆောင်ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးဟာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်မှာပဲ တောင်ကြီးမှာရှိတဲ့ မြို့နယ် ဆေးရုံကြီးမှာ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ ဒီ့အတွက်လည်း ဇနီးမောင်နှံ နှစ်ယောက်စလုံး ဝမ်းသာပီတိဖြစ်နေတယ်လို့ သိရပါတယ်။

'' မွေးခန်းထဲကထွက်လာပြီး သမီးလေးအတွက် ပျော်နေတဲ့အပြုံးမေမေ'' ဆိုပြီးတော့ ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ ဇနီးချောလေးရဲ့ ဓာတ်ပုံ တွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီလောက်က တင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရော၊ ဇနီး ချောလေးပါ ကျန်းကျန်းမာမာရှိတယ်လို့ ဆိုပါတယ်။

Photo: ကြာစိဖေ့စ်င်္ဘွတ်

 

ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးကလည်း ချစ်စရာကောင်းတဲ့ သမီးလေးအတွက် ဝမ်းသာပီတိစကားတွေကိုလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။ သမီးလေးကို မွေးဖွားခါနီးမှာလည်း စိတ်လှုပ်ရှားနေပုံပါပဲ။

'' ချစ်သမီး လေးရေ။ ချစ်ခြင်းများစွာ အေးမြမေတ္တာနွေးထွေးသော လက်အစုံတို့ဖြင့့် ဤ ကမ္ဘာမြေမှ လူသားများစွာဝမ်းမြောက် ဝမ်းသာ ကြိုဆိုခြင်း ကိုရရှိပါစေ ကွယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၄  ရက်နေ့ မနက် ၃ နာရီကျော်က ခွဲစိတ်ခန်းထဲ မဝင်ခင် သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ချစ်ဇနီးအတွက် အချစ်အိမ်လေး လက်ဆောင်ပေးခဲ့တဲ့ ကြာစိ 

Photo: ကြာစိဖေ့စ်င်္ဘွတ်

 

ဟာသသရုပ်ဆောင် ကြာစိ နဲ့ ဆုဟန်နီဖြိုး တို့က ဒီသမီးလေးကို ကိုယ်ဝန်ရလာချိန်က စပြီး ကံကောင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန် ၂ လမှာ ၂ခါ ထီ ၅ သောင်းဆု ပေါက်တယ်။ ကိုယ်ဝန် ၄ လမှာ ထီ ၃ သိန်းတစ်ဆု ပေါက်တယ်။ ကိုယ်ဝန် ၆ လမှာလည်း ထီ ၅ သောင်းဆု ၆ ဆု တောင်ပေါက်တယ်လို့ Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

Photo: ကြာစိဖေ့စ်င်္ဘွတ်

 

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က