အရမ်းကိုပီတိဖြစ်မိပါတယ်။

အဆိုတော်လင်းလင်းနဲ့ အဆိုတော်သရုပ်ဆောင် ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးတွေ ဖြစ်ကြတဲ့ မယ်မြန်မာခေတ်နဲ့ မယ်မြန်မာ သစ် တို့ဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ချစ်စရာကလေးလေးတွေ ဖြစ်ကြပါတယ်။သူတို့ နှစ်ယောက်ကို ချစ်တာထက် သမီးလေး နှစ်ယောက်ကို အားပေးချစ်ခင်ကြတာကြောင့်လည်း အတိုင်းမသိဝမ်းသာရတယ်လို့ လင်းလင်း က ပြောပါတယ်။

Photo: Chit Thu Wai Facebook

 

အဆိုတော်လင်းလင်းနဲ့ အဆိုတော်သရုပ်ဆောင် ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးတွေ ဖြစ်ကြတဲ့ မယ်မြန်မာခေတ်နဲ့ မယ်မြန်မာသစ် တို့ဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ချစ်စရာကလေးလေးတွေ ဖြစ်ကြပါတယ်။ သူတို့ကို ချစ်တဲ့ ပရိသတ်တွေကတော့ အနယ်နယ်အရပ်ရပ်မှာ အများကြီးရှိကြတယ်လို့ လင်းလင်းက မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ပရိသတ်တွေကလည်း သူတို့ကို တော်တော်ချစ်ကြတယ်။ ကျွန်တော်တောင် နောက်နေတာရှိတယ်၊  ကလေး နှစ်ယောက်မရှိခင် တုန်းက ဆိုရင် အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေ ဆိုပြီးပြောကြတယ်။ အခုကျတော့ ခေတ် နဲ့ သစ်တို့ရဲ့ အဖေ နဲ့ အမေ ဆိုပြီးပြောကြတာဆိုတော့ ကျွန်တော်တို့ နှစ်ယောက်က အနောက်ရောက်သွားပြီ'' လို့ လင်းလင်းက သဘောကျ ရယ်မောရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Chit Thu Wai Facebook

 

သူတို့ နှစ်ယောက်ကို ချစ်တာထက် သမီးလေး နှစ်ယောက်ကို အားပေးချစ်ခင်ကြတာကြောင့်လည်း အတိုင်းမသိဝမ်းသာရတယ်လို့ လင်းလင်း က ပြောပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေရဲ့ မိသားစုဝင်တွေအတွက် ကိုလည်း ညဘက် ဘုရားရှိခိုးတိုင်း ဆုတောင်းမေတ္တာပို့ သပေးတယ် လို့ သြဂုတ်လ ၁၀ ရက်နေ့ ချစ်သုဝေရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

'' သမီး နှစ်ယောက်အပေါ်ကို ချစ်ကြ၊ ခင်ကြ မြတ်နိုးကြတဲ့ အပေါ်မှာလည်း အရမ်းကို ပီတိဖြစ်မိပါတယ်။ အရမ်းလည်း ကျေးဇူးတင်သလို ကျွန်တော်တို့ လင်မယားနှစ်ယောက်ကလည်း ကိုယ့်ရဲ့ သမီးလေးတွေကို ချစ်ပေးကြတဲ့ မိသားစုအပါအဝင် အားလုံးကို ကျန်းမာဖို့၊ နွေးထွေး တဲ့ မိသားစုလေးတွေဖြစ်ဖို့ ညတိုင်း ညတိုင်း မေတ္တာပို့ ဆုတောင်းပေးပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Chit Thu Wai Facebook

 

အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူးချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက် နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီး ကိုပိုင်ဆိုင် ထားတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။

မေမေချစ်သုဝေအတွက် သူငယ်ချင်းတွေရဲ့ မွေးနေ့ Surprise  

Photo: Chit Thu Wai Facebook

 

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်လို့ နာမည်ပေးထားတဲ့ အမြွှာလေးတွေကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ် အချိန် မှာ  ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။အမြွှာနှစ်ယောက်ထဲမှာ အကြီးမလေးက အမေချစ်သုဝေနဲ့တူပြီး အငယ်မလေးကတော့ ဖခင် လင်းလင်းနဲ့တူတယ်လို့ ပြောကြပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က