အခြား အလှူပစ္စည်းတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

ခိုင်နှင်းဝေဟာ သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မိုးမခရေလည် မိဘမဲ့ဂေဟာမှာ ငွေကျပ် ၁၀ သိန်းနဲ့ အတူ အခြားစားနပ်ရိက္ခာတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။နောက်ထပ်လည်း သွားရောက် လှူဒါန်းဖို့ ကြိုးစားဦးမယ်လို့ ဆိုပါတယ်။



Photo: Khaing Hnin Wai Facebook

 

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေဟာ သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မိုးမခရေလည် မိဘမဲ့ဂေဟာမှာ ငွေကျပ် ၁၀ သိန်းနဲ့ အတူ အခြားစားနပ်ရိက္ခာတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်တွေနဲ့လည်း အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။

'' ယနေ့ ခိုင်နှင်းဝေပရဟိတအသင်းမှ ပဲခူးတိုုင်း ကျောက်တံခါးမြို့နယ်ရှိ မိုးမခရေလည် မိဘမဲ့ဂေဟာလေးမှာ ငွေကျပ် ဆယ်သိန်း တန်ဖိုးရှိ ဆန် ၁၀အိတ်၊  ကြက်သွန်နီ ၊ ဖြူ ၊ အာလူး ၊ ပုဇွန်ခြောက် ၊ အသားတု ၊ ပဲ ၊ အကင်မျိုးစုံ ၊ ကလေးကျောင်းလွယ်အိတ် ၊ စာအုပ် ၊ ကျောင်းသုံး ပစ္စည်းအမျိုးမျိုး ၊ ကလေးအဝတ်အစား ၊ စားစရာမုန့်မျိုးစုံ တို့ကို သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင်'' လို့ ဆိုပါတယ်။

Photo: Khaing Hnin Wai Facebook

 

မိုးမခရေလည် မိဘမဲ့ဂေဟာမှာ ကလေးပေါင်း ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ အလှူအတန်းလေးအပြင် နောက်ထပ်လည်း သွားရောက်လှူဒါန်းဖို့ ကြိုးစားဦးမယ်လို့ သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီက ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ တာဖြစ်ပါတယ်။

'' ဒီကျောင်းလေးမှာ မွေးကင်းစကလေး ကနေစပြီး ဆယ်တန်းအရွယ်ထိ ကလေးပေါင်း ၂၆၉ ယောက် ရှိပြီး ကလေးလေးတွေက အလှူ ရှင် ရှားတဲ့အချိန်တွေဆို ထမင်းဖြူနဲ့ ငပိကြော်ပဲစားနေရတယ်လို့လဲသိခဲ့ရလို့ ကျွန်မ နောက်အခါတွေမှာလည်း ထပ်မံသွားရောက်လှူဒါန်းနိုင်ဖို့ ကြိုးစားနေပါတယ်ရှင်'' လို့ သူကဆိုပါတယ်။

ဥပုသ်နေ့မှာ အဓိဌာန်ဝင် ကုသိုလ်ယူခဲ့တဲ့ ခိုင်နှင်းဝေ  

Photo: Khaing Hnin Wai Facebook

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

Photo: Khaing Hnin Wai Facebook

 

အဲ့ဒီနောက် ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက သြဂုတ်လ ၁၀ ရက်နေ့ တုန်းကလည်း ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်း သားတွေ နဲ့ အတူတူ ဝါဆိုသင်္ကန်းကပ်လှူခြင်းကိုလည်း ပြုလုပ်ခဲ့သေးတယ်ဆိုတာကို သြဂုတ်လ ၁၀ရက်နေ့ ည ၈ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ပေါ် မှာရေးသားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က