မေမေ အူဝဲရဲ့ မနာလိုတဲ့ အကြောင်းတွေလည်း ပြောပြထားတယ်။

ပြေတီဦးကတော့ သားနဲ့ သမီးက သူ့အနားပိုကပ်လို့ မေမေ အူဝဲကတောင် မနာလို ဖြစ်ရတဲ့အကြောင်းကို သဘောကျ ရယ် မောရင်း ပြောပြခဲ့ ပါတယ်။ သူ့အနေနဲ့ သမီး ဖြစ်သူရဲ့ နေပုံထိုင်ပုံ ဝါသနာတွေနဲ့ သားလေး ရဲ့ အကြိုက်နှစ်သက်ဆုံး အရာ တွေကို အခုလို ပြောပြခဲ့ပါတယ်။


Photo: ပြေတီဦးဖေ့စ်ဘွတ်

 

အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက  အားကျလျှက်ရှိပါတယ်။ အနုပညာရှင် တွေ ဖြစ်ကြတာကြောင့်လည်း သားသမီးတွေကို အချိန်ပေးနိုင်ဖို့ တော်တော် ကြိုးစားရတယ်လို့ ပြေတီဦးက မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကလေးတွေကို ကျွန်တော်တို့ အချိန်ပေးဖြစ်ပါတယ်။ အရင်တုန်းကဆို အချိန်ပေးနိုင်ဖို့အတွက် တော်တော်ကို အချိန်လုရတယ်။ ဗီဒီယိုခေတ် တွေ တုန်းက နားချိန်အင်မ တန်နည်းတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်တဲ့အချိန်ကျတော့ တစ်ကားနဲ့ တစ်ကား ကြားမှာ ၅ ရက်၊ ၆ ရက် ဆိုတော့ နားချိန် ဆွဲဆွဲ ထုတ် လို့ရတယ်၊ အခုကျတော့ မိသားစုနဲ့လည်း အတူတူနေလို့ရတယ်၊ ပျော်ဖို့လည်းကောင်းတယ်'' လို့ဆိုပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

 

ပြေတီဦးမှာ ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒ္ဒါနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အရမ်းကို လည်လွန်း တတ်လွန်းကြတဲ့ သားသမီးလေးတွေကြောင့် မေမေ အူဝဲကတောင် မနာလို ရတဲ့အကြောင်းကို စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းက နိုဗိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ''တရားလား'' ရုပ်ရှင်ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' သားသားက ပိုကပ်တယ်။ သုသုက အရင်တုန်းက နေတာအရမ်းအေးတယ်။ သူက သူ့ဖီလင် သူ့ Mood နဲ့ သူနေတာ။ အခုနောက်ပိုင်း သား သားက အဖေကို အရမ်းချစ်ပြီး အရမ်းကပ်တဲ့အခါကျတော့ သူကပါ ရောရောပြီးကပ်တော့ သားရော၊ သမီးရောက အဖေကို အရမ်းကပ် နေတယ်။ အဲ့ဒါကို သူတို့ အမေက မနာလိုတွေ ဖြစ်နေတာပေါ့'' လို့ ပြေတီဦးက ပြောပါတယ်။

မိသားစုနဲ့ ပျော်ပျော်ပါးပါးပြုလုပ်ခဲ့တဲ့ ပြေဓီရရဲ့ မွေးနေ့ပွဲ 

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ သမီးကြီး ပြေသုဒ္ဒါက ကိုယ်ပိုင် Creation လေးတွေ လုပ်ရတာ စိတ်ဝင်တစားရှိတယ်လို့ ပြေတီဦးက ပြောပါ တယ်။ သမီးလေးဟာ စူးစမ်းလေ့လာ လိုစိတ်ရှိတယ်လို့ သိရပါတယ်။ သားလေး ပြေဓီရ ကတော့ Hero တွေကိုသာ စိတ်ဝင်စားပြီး အဖေ ဖြစ်သူနဲ့ကတော့ ညတိုင်း နပန်းလုံးနေကြ လို့ ဆိုပါတယ်။

'' သားသားကတော့ အခုထိ အဖေနဲ့ နပန်းလုံးနေတုန်းပဲ။ ညရောက်ပြီဆိုတာနဲ့ အဖေလာပြီဆိုရင် နပန်းလုံးပြီးမှ သူကအိပ်တယ်။ အဖေက ညဘက် ရိုက်ကူးရေးတွေရှိလို့ နောက်ကျပြီဆိုရင် အူဝဲကို နပန်းသွားလုံးရော။ အဲ့ဒီအခါကျရင် အူဝဲက အော်ရောပဲ။ သားသားကလည်း သူ့ အင်အားနဲ့ ကျတော့ နာတာပေါ့'' လို့ သူကဆိုပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

 

ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ "လက်ပံ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ် ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က