ဘယ်လိုတွေတောင် အံ့အားသင့်သွားတာလဲ။

အဆိုတော်ဖိုးကာနဲ့ သမီးဖြစ်သူ ဖူးဖူးသစ်တို့ကတော့ လက်ရှိမှာ ဂီတအလုပ်တွေဆောင်ရွက်နေကြတာဖြစ်ပါတယ်။ Duwun Media ရဲ့ အင်တာဗျူးမှာ သမီးဖြစ်သူ ဖူးဖူးသစ်ရဲ့ စနောက် ကျီစယ်လိုက်တဲ့ စကားတစ်ခွန်းကြောင့် ဖေဖေ ဖိုးကာတစ်ယောက် အံ့အားသင့်ခဲ့ ရပါသေးတယ်။

Photo: Phu Phu Thit Facebook

 

အဆိုတော် ဖိုးကာနဲ့ သမီးကြီးဖြစ်သူ ဖူးဖူးသစ်တို့ဟာ အခုလက်ရှိ ဂီတအလုပ်တွေကို လက်တွဲညီညီဆောင်ရွက်နေကြတာဖြစ်ပါတယ်။ သမီး ရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူကလည်း တစ်ဖက်တစ်လမ်းကနေ အရမ်းကို အားကိုးရတယ်လို့ ဖိုးကာက Duwun Media ကို ပြောပြခဲ့ပါတယ်။

'' သမီးနဲ့ ပတ်သက်လာရင်တော့ သူ့အမေကလည်း အားကိုးရပါတယ်။ သမီးကို ဘယ်လို ဖက်ရှင် ဝတ်ရမယ်။ ဆံပင်ပုံစံက အစ အကုန် လိုက် လုပ်ပေးတယ်။ တော်တော် အားကိုးရပါတယ်။ ကျွန်တော်ကတော့ သီချင်းနဲ့ ပတ်သက်တာပဲ သူ့ကို ပံ့ပိုးပေးတာ များတယ်'' ဆိုပြီးတော့ အဆို တော် ဖိုးကာက ပြောပါတယ်။

Photo: Phu Phu Thit Facebook

ဖိုးကာနဲ့ ဖူးဖူးသစ် တို့ သားအဖနှစ်ယောက် စုံရင်တော့ ကားမောင်းသင်ပေးတယ်လို့ ဖူးဖူးသစ်က ပြောပါတယ်။ မိသားစု စုံစုံလင်လင် ရှိတဲ့ အချိန်မှာတော့ အများအားဖြင့် တစ်ယောက်အလုပ်အကြောင်း တစ်ယောက် စကားတွေ စုံစုံညီညီပြောလေ့ရှိတယ် ဆိုပြီးတော့ လည်း ဆက်လက် ပြောပြလာပါသေးတယ်။

'' အပန်းဖြေချိန်ကတော့ ညဘက်တွေဆိုရင် ဖေဖေက ကားမောင်းသင်ပေးတယ်။ သမီးကိုလည်း ကျူရှင်တွေ၊ သင်တန်းတွေ လိုက်ပို့ပေး ဖြစ်တယ်။ အိမ်မှာနေရင်လည်း မိသားစုတွေ တော်တော်များများ စကားပြောဖြစ်ပါတယ်'' ဆိုပြီးတော့ အဆိုတော်ဖိုးကာနဲ့ အဆိုတော် ဖူးဖူးသစ် တို့ သားအဖကတော့ ဖြိုးကြီးရဲ့ အရာရာ တေးစီးရီးပရိုမိုးရှင်းမှာ Duwun Media ကို သီးသန့်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Phu Phu Thit Facebook

 

ဖိုးကာဟာ ဖူးဖူးသစ်အတွက်တော့ ဖခင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူကို ကျီစယ် နောက်ပြောင်လိုက်တဲ့ စကား တစ်ခွန်းကြောင့် ဖိုးကာလည်း အံ့အားသင့်ခဲ့ရပါသေးတယ်။

'' တကယ့်ကို စံပြဖခင်တစ်ယောက်ပါ အစစအရာရာပြည့်စုံပါတယ်။ ဘာမှလည်း ပြောစရာမရှိဘူး။ ဒီ့ထက် နည်းနည်းပိုချောရင်ကောင်းမယ်'' ဆိုပြီးတော့ ဖူးဖူးသစ်က အဖေကို စနောက်ကျီစယ်ရင်း ပြောပြလာခဲ့ပါတယ်။ ဖူးဖူးသစ်ရဲ့ အဖြေကို နားထောင်နေတဲ့ အဖေဖြစ်သူ ဖိုးကာ ကလည်း အံ့အားသင့်သွားတာကို တွေ့ရပါတယ်။

Photo: Phu Phu Thit Facebook

 

ဖိုးကာတို့ မိသားစုလေးကတော့ ၄ ယောက်ရှိပါတယ်။ အစစအရာရာ ပံ့ပိုးပေးတဲ့ ဇနီးနဲ့ ဂီတအလုပ်တွေ၊ ကျောင်းအလုပ်တွေကို ဆောင်ရွက် နေရတဲ့ သမီး ဖူးဖူးသစ်ရယ်၊ နောက်ထပ် သားတစ်ယောက်ရယ် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဖိုးကာဟာ လက်ရှိမှာတော့ သမီးဖြစ်သူရဲ့ ဂီတအလုပ်တွေကို ပံ့ပိုးပေးနေတာဖြစ်ပြီး ဖူးဖူးသစ်ကတော့ Logo လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးစီးရီးကို မကြာခင်က ထွက်ရှိ ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က