ခေးလေးရဲ့ သားလေးကို ပရိသတ်တွေ တွေ့ချင်နေကြမှန်း ခေးသိပါတယ်တဲ့။ သားလေးကို ချစ်ပေးကြတဲ့ တစ်ဦးတစ်ယောက်စီ တိုင်းကို ကျေးဇူးတင်သလို ဒီလောက်ထိ ချစ်ပေးကြလိမ့်မယ်လို့တောင် ခေးမမျှော်လင့်ထားပါဘူးလို့ ဆိုပါတယ်။
Photo : ယွန်းဝတီလွင်မိုး IG
ငယ်စဉ်ကတည်းက ပရိသတ်တွေအချစ်ကို ရရှိထားတဲ့ ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာ သားလေးနဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကသြစတြေးလျနိုင်ငံ ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ သြဂုတ်လ(၇) ရက်နေ့ ညနေ(၅)နာရီလောက်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ခေးလေးရဲ့ သားလေးကို ပရိသတ်တွေကလည်း အရမ်းတွေ့ချင်နေကြပြီလည်း ဖြစ်ပါတယ်။ ခေးလေးဟာ သားလေးနဲ့ ပတ်သက်ပြီး သူမရဲ့ အင်စတာဂရမ်မှာ တင်ဖြစ်နေတာလည်း တွေ့ရပါတယ်။
ဒီနေ့(သြဂုတ်လ၂၉ရက်)မှာလည်း သားလေးနဲ့ ပတ်သက်ပြီးတော့ စာသားတချို့ကို ရေးသားထားသလို သားလေးရဲ့ နာမည်ကိုလည်း ပြောပြထားတာ တွေ့ရပါတယ်။
"အခုခေးကလေးလေးနဲ့အတူတူ ကျန်းကျန်းမာမာရှိနေတာ သုံးပတ်တောင်ရှိသွားပြီ။ Liam လေးကို အားလုံး တွေ့ချင်နေကြလိမ့်မယ်ဆိုတာ ခေးသိပါတယ်။ခေးနဲ့ Liam ကို ချစ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်နော်။ Laim လေးကို ဒီလောက်ထိ ချစ်ပေးကြလိမ့်မယ်လို့တောင် ခေးမမျှော်လင့်ထားပါဘူး"ဆိုပြီး သူမရဲ့အင်စတာဂရမ်ရဲ့ Stories မှာ ပြောထားတာ ဖြစ်ပါတယ်။
Photo : ယွန်းဝတီလွင်မိုး IG
မြေးယောကျ်ားလေး ရလို့ ပျော်နေတဲ့ လွင်မိုး
လူတွေအနေနဲ့ ခေးအကြောင်းကို ကြိုက်သလို ဝေဖန်ပြောဆိုတာကို သူမအနေနဲ့ ခံနိုင်ပေမယ့် ဘာမှ အပြစ်မရှိတဲ့ သားလေးကိုတော့ အပြောမခံစေချင်လို့ပါဆိုပြီး ဆက်လက်ရေးသားထားပါသေးတယ်။
"ဒါပေမဲ့ ခေးရဲ့ အင်စတာဂရမ်မှာ ခေးတင်ချင်တာလေးတွေတင်မှာပါ။ ဘာလို့လဲဆိုတော့ တစ်နေ့ ခေးပြန်ကြည့်လိုက်ရင် အရင်က အမှတ်တ ရလေးတွေအဖြစ် မြင်ချင်လို့ပါ။ အဲ့တော့ ခေးတင်တဲ့ ဓာတ်ပုံတွေက ဘယ်သူစိတ်ဝင်စားအောင်မှ တင်တာမဟုတ်သလို ဘယ်သူ့ကိုမှ သရော် လို စိတ်နဲ့တင်တာမဟုတ်ပါဘူး" ဆိုတဲ့ အကြောင်းကိုလည်း ပရိသတ်တွေအတွက် ဆက်လက်ပြောပြထားပါသေးတယ်။
Photo : ယွန်းဝတီလွင်မိုး IG
ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့ သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ခေးကို ချစ်ကြတဲ့ ခေးရဲ့ Fan တွေအတွက် မကြာခင်မှာ ခေးနဲ့ ခေးသားလေးအကြောင်း Q&A အစီအစဉ်လေးတွေ လုပ်ပေးဖို့ ရှိတယ်လို့ ဆိုပါသေးတယ်။
ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။
Photo : ယွန်းဝတီလွင်မိုး IG
၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ယခုလက်ရှိ သူမဟာ ခင်ပွင်းဖြစ်သူနဲ့အတူ သြစတြေးလျ မှာ အတူ နေထိုင်လျက်ရှိပါတယ်။အိမ်ထောင်ကျ ကလေးရပြီးပေမယ့်လည်း ယွန်းဝတီ လွင်မိုး အပေါ် ပရိသတ်တွေ က အခုထိ အချစ်ပိုနေကြတုန်းပါ။
Share