ဂန္တဝင်က မိဘနှစ်ပါးကို အမှူးထားပြီး ဘုန်းကြီးဆွမ်းကပ်လှူခဲ့တယ်လို့ သိရပါတယ်။ သူဟာ အနုပညာအလုပ်တွေနဲ့ ၅ နှစ်ကြာ ဝေးကွာနေ တယ် ဆိုပေမယ့် အစိမ်းသက်သက်ဖြစ်မသွားဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။
သရုပ်ဆောင်ဂန္တဝင်ဟာ ကွယ်လွန်သူ ဖခင်ကြီး ဦးရဲနိုင်+ မိခင်ကြီး ဒေါ်ခင်ချိုတင် တို့ကို အမှူးထားပြီး စင်္ကြာရတနာဘုန်းတော်ကြီးကျောင်း မှာ သြဂုတ်လ ၃ ရက်နေ့က ဆွမ်းလောင်းအလှူ ကပ်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ စိတ်ကူးထဲက အကြောင်းအရာ လေးတွေကိုလည်း အခုလို ရေးသားထားပါသေးတယ်။
'' အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ လောကကြီးထဲမှာ တရားဆိုတာရှိနေပေမဲ့မတရားတာ တွေနဲ့ ပြည့်နှက်နေတဲ့ လောကဓံ ထိုးနှက်မူရဲ့ အလည် ဘဝဆိုတာ တိုတောင်းလွန်းတော့လဲ '' ဆိုပြီးတော့ အလှူအတန်းတွေ လုပ်နေတဲ့ အမှတ်တရ ဓာတ်ပုံတချို့တွေနဲ့ အတူ စက်တင်ဘာ လ ၃ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။
အနုပညာအလုပ်တွေရော၊ ပရိသတ်တွေနဲ့ပါ ၅နှစ်နီးပါး ဝေးကွာခဲ့တဲ့ သရုပ်ဆောင်ဂန္ထဝင်တစ်ယောက် အနုပညာအလုပ်တွေ ပြန်လုပ်နေပါပြီ။ ဂန္ထဝင်ကတော့ အခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပြန်လည်ရိုက်ကူးနေရပြီလို့ဆိုပါတယ်။ အသက်အရွယ်တစ်ခုအရ ဘာသာရေးကို ပိုလုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာလည်ပတ်နေတဲ့ ဂန္တဝင်ရဲ့ ချစ်စရာပုံရိပ်လေးတွေ
ဂန္တဝင်ဟာ အနုပညာအလုပ်တွေ ခဏနားထားတဲ့ အချိန်မှာလည်း အနုပညာလောကနဲ့ အစိမ်းသက်သက်ဖြစ်မနေဘူးလို့လည်း ပြောပြခဲ့ပါ သေးတယ်။ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ ကြော်ငြာတွေ မရိုက်ဖြစ်ပေမယ့်လည်း သူ့ပရိသတ်တွေနဲ့ အဆက်မပြတ် သွားအောင် နေတယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
'' အနုပညာလောသားတွေနဲ့ ကိုယ်ကမစိမ်းဘူးလေ အနုပညာလောကသားတွေနဲ့ပြန်လည်တွေ့ဆုံမှုကလည်း ရိုက်ကွင်းပေါ်မှာ သာမတွေ့တာ၊ Facebook ပေါ်မှာလည်း Fri ဖြစ်တာတွေရှိတယ်၊ သာရေးနာရေး အလှူတွေလည်းသွားနေရတဲ့အတွက် ရုပ်ရှင် ထဲမှာသာမတွေ့ဖြစ်တာ၊ အပြင်မှာလည်း အထိအတွေ့မပြတ်ဘူးဆိုတော့ ပြန်ဝင်ရတာကလည်း အစိမ်းသက်သက်မဖြစ်ပါဘူး'' လို့ဆိုပါတယ်။
ဂန္တဝင်ဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူဟာ ပရိသတ်တွေရဲ့ ဝန်းရံခြင်းခံနေရတဲ့ အမျိုးသမီး အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ပါ။ မကြာခဏဆိုသလို ခရီးတွေလည်း ထွက်ဖြစ်နေတဲ့အကြောင်းကို အလှဓာတ်ပုံလေး တွေတင်ရင်း သူ့ရဲ့ ပရိသတ်တွေကို ပြောပြလေ့ရှိပါတယ်။