သူ့ရဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်.

ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းအောင် စကားပြောတတ်တဲ့ ပိုင်ဖြိုးသုက အခုလည်း သူမရဲ့ အရယ်အပြုံးတွေက မိန်းမ မဆန်တဲ့အကြောင်းကို ပွင့်ပွင့် လင်းလင်း ပြောပြလာပါတယ်.

Photo: Amazing Grace



ပရိသတ်တွေရဲ့ အချစ်တော် ပိုင်ဖြိုးသုရဲ့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း နေတတ်တဲ့ အပြုအမူလေးတွေကိုတော့ ပရိသတ်တွေက အချစ်ပိုခဲ့ကြတယ်. ဒါပေမယ့် မိန်းမပီပီသသ မရယ်တတ်တဲ့ သူ့ရဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်.

'' ဒီလို ဒီလို မိန်းခေးမပီမသ ရယ်တတ်သူကျွန်မ အာ့ကြောင့်လည်းတချို့တချို့တွေက မင်းသမီးရုပ်မရှိသူလို့ ပြောခြင်းခံရတာ နည်းတောင်နည်းသေး ဒေါ်သုရေ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်. အဲ့ဒီနောက် သူ့ရဲ့ ရယ်ရယ်မောမော Snap ပုံတွေကိုလည်း အတူတွဲတင်ခဲ့တာကို တွေ့ရပါတယ်.

Photo: Amazing Grace

ပိုင်ဖြိုးသု ဟာ ဆေးတက္ကသိုလ်ကျောင်းသူ ဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကို ဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက် အသွယ် ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွား အချိန်မှာ အနုပညာ ပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်ကို ပြန်လည် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။



Photo: Amazing Grace

အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာရင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပိုင်ဖြိုး သု က ဘီလူးမ၊ သရဲမနှင့် မိန်းမပျိုရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကိုလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။

Photo: Amazing Grace

ပိုင်ဖြိုးသုဟာ မကြာခင်မှာရိုက်ကူးမယ့် ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ''ထာဝရ နှောင်ကြိုး'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာတော့ ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ မြင်စိုင်းသားအောင်အောင်တို့အပြင် နောက်ထပ် သရုပ်ဆောင် အသစ်တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က