ပရဟိတအလုပ်တွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ သရုပ်ဆောင်မြင့်မြတ်ကို ဂုဏ်ပြုဆု ပေးခဲ့ ပါတယ်။ သူတို့ နှစ်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကလည်း မကြာခင်ရုံတင်တော့ မှာဖြစ်ပါ တယ်။



 

အဆိုတော် ထူးအယ်လင်းဟာ လက်ရှိမှာ သူကိုယ်တိုင်ဆောင်ရွက်နေရတဲ့ ပရဟိတအလုပ်တွေ နဲ့ ပတ်သက်ပြီး လက်တွဲ ကူညီပေးခဲ့တဲ့ သရုပ်ဆောင် မြင့်မြတ်အတွက် ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ့ထက် အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်နိုင်ဖို့ ကိုလည်း ဆုတောင်းစကားပြောခဲ့ပါသေးတယ်။

'' နာကူကားမတည်လှူဒါန်းခြင်းနှင့် ဖွဲမီးသဂြိုလ်စက်မတည်လှူဒါန်းတဲ့ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီမြင့်မြတ်ကို ဂုဏ်ပြု မှတ်တမ်း ပေးအပ်ခဲ့တဲ့ ပီတိ မှတ်တမ်းပါ ။ကျေးဇူးတင်ပါတယ် ဇာတ်လိုက် ဒီထက်မက မကသော အောင်မြင်မှူနှင့်အတူ စိတ်၏ ချမ်းသာ အေးချမ်းခြင်း ကို ရရှိပိုင်ဆိုင်ပါစေ'' ဆိုပြီးတော့ စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

 

အဆိုတော်ထူးအယ်လင်း ဦးဆောင်ပြီး ဖွဲမီးသဂြိုဟ်စက် လှူဒါန်းတဲ့ အလှူမှာ အကယ်ဒမီသရုပ်ဆောင်မြင့်မြတ်က ငွေကျပ် ဆယ်သိန်း ကို ပေးအပ်လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ ထူးအယ်လင်းဟာ မကြာသေးခင်ကလည်း တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အရှေ့ဘက်မှာရှိတဲ့ ရှမ်းတကူဆိပ် ကျေးရွာ မှာရှိတဲ့ နာရေးကူညီမှု လူနာတင်ယဉ်ကားတစ်စီး လှူဒါန်းခဲ့ပါသေးတယ်။

ရေဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာသွားရောက် လှူဒါန်းမယ့် ထူးအယ်လင်း 

အဆိုတော်ထူးအယ်လင်းဟာ ကုသိုလ်ရေးတွေနဲ့ ပတ်သက်ပြီး စွမ်းစွမ်းတမံဆောင်ရွက်တတ်တဲ့ အနုပညာရှင်တစ်ဦးပါ။ အခုလည်း ပဲခူးတိုင်း ကဝမြို့နယ်၊သက္ကလမြို့ ခမွန်ကံကြီးကျေးရွာမှာ ဖွဲမီးသဂြိုလ်စက်တည်ဆောက်ဖို့အတွက် အလှူငွေကျပ် ၂၅သိန်းတိတိ ကို ရွာရဲ့ ကျောင်း ထိုင်ဆရာတော်ကြီး ထံမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 

အဲ့ဒီနောက် လှည်းကူးမြို့ နယ်၊ ပဒဲကော ကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းစေတီတော်မြတ်ကြီးရဲ့ ဘုရားဝင်းအတွင်း သိမ်ကျောင်းဆောက် လုပ်လှူဒါန်းမှုအတွက်လည်း အလှူငွေတွေ ကောက်ခံ နေသေးတယ်လို့ သိရပါတယ်။ ထူးအယ်လင်းနဲ့ မြင့်မြတ် တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင် ရုံတင်တော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က