အမေ့ကို ဝိုင်းလုပ်ပေးရင်း ရောင်းခဲ့တာပါ။

သရုပ်ဆောင်ခင်လှိုင်က ဇာတ်ကားရိုက်ကူးမှုတွေ အားတဲ့အချိန်မှာ မိသားစုကို အချိန်ပေးနေတယ်လို့ဆိုပါတယ်။ အိမ်မှာ မုန့် တွေ လုပ်စားရင်း ငယ်ငယ်က အမေ နဲ့ မုန့်တွေရောင်းခဲ့ရတဲ့ အချိန်ကို ပြန်သတိရမိတယ်လို့ ရင်ဖွင့်ထားပါသေးတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်




သရုပ်ဆောင် ခင်လှိုင်တစ်ယောက် မကြာခင်က ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးပြီးစီးခဲ့တာကြောင့် မိသားစုနဲ့ အတူတူ အနားယူ နေ တယ် လို့ဆိုပါတယ်။ သူ့ရဲ့ဇနီး၊ သားသမီးတွေ၊ မြေးတွေနဲ့ ဆုံတုန်း အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ မုန့်တွေ စားရင်း သူ့ရဲ့ ငယ်ဘဝကို ပြန်ပြီးတော့ သတိရတဲ့အကြောင်း ရင်ဖွင့်ပြောပြထားပါတယ်။

''ရိုက်ကွင်းနားတော့အိမ်မှာပြင်းနေတာနဲ့ မြန်မာမုန့်လေးလုပ်ပြီးအိမ်ကမိသားစုတွေကိုကျွေးချင်တာနဲ့ခေါပြင် လုပ်ကျွေးဖြစ်တယ်တယ်။ မုန့်လုပ်ပြီးတော့ ကျွန်တော်ငယ်ငယ်ကစမ်းချောင်းဈေးမှာ မြန်မာမုန့်လေးတွေကိုယ်တိုင်လုပ်ပြီးရောင်းခဲ့အမေ့ကိုသတိရမိတယ်။ ငယ်ငယ်က အမေ့ကိုဝိုင်းကူပြီးလုပ်ပေးခဲ့တဲ့မြန်မာမုန့်မျိုးစုံခုထိမှတ်မိနေသေးတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်


ခင်လှိုင်ဟာ အနုပညာအလုပ်တွေ များစွာ ဆောင်ရွက်နေတဲ့ကြားက ရေရှားပါးတဲ့ ကျေးရွာတွေအတွက် ပရဟိတအလှူတွေလည်း ဆောင်ရွက်နေသူဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရေတွင်းအလှူတော်အဖြစ် မကွေးတိုင်းဒေသအတွင်းမှာ ရေပြတ်လတ် နေတဲ့ မကွေးတိုင်းမြို့နယ် ကြာကန် ကျေးရွာအုပ်စုမှာရှိတဲ့ ကြာကုန်းတဲဘုန်းကြီးကျောင်းတိုက်ကို စက်ရေတွင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်း ရေအခက်အခဲဖြစ် နေတဲ့ ဒေသတွေမှာ ရေတွင်းတွေ လှူဒါန်းသွားဦးမယ်လို့လည်း ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်


ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

လူမင်းပေးတဲ့ လက်ဆောင်ကြောင့် အပျော်ကြီးပျော်ခဲ့ရတဲ့ ခင်လှိုင် 

Photo: ခင်လှိုင်ဖေ့စ်ဘွတ်


အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က