မနှစ်က မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားတာပါ။

၂၀၁၃-၁၄ ဘောလုံးရာသီမှ လီဗာပူးအသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မနှစ်က မန်စီးတီးနဲ့အတူ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဖလားလမ်းကြောင်းပေါ် သွားနေတဲ့အချိန် လီဗာပူးမှာ ရှိစဉ်ကလို ဖိအားမျိုး လုံးဝမရှိဘူးလို့ မန်စီးတီးတိုက်စစ်မှူး စတားလင်းက ရင်ဖွင့်လာပါတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီက လီဗာပူးကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တဲ့ စတားလင်းက မန်စီးတီးရဲ့ အားသာချက်က လီဗာပူးမှာတုန်းကလို ဖလားရဖို့ မပူရဘူးလို့ ဆိုလိုတာ ဖြစ်ကြောင်း Sportskeeda က ဖော်ပြပါတယ်။



လီဗာပူးအသင်းအနေနဲ့ စတီဗင်ဂျာရတ် ချဲလ်ဆီးနဲ့ပွဲမှာ ချော်မလဲခင်ထိ ၂၈ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုရဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပေမယ့်လည်း မန်စီးတီးကသာ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

“အတွေ့အကြုံက ဘယ်တော့မှ နစ်နာတယ်မရှိပါဘူး၊ အမြဲတမ်းအတွက်အထောက်အပံံ ဖြစ်ပါတယ်။ မနှစ်ကဆိုရင် ချန်ပီယံဆုကို သက်သောင့်သက်သာ ရခဲ့တာပါ။ ဒီနှစ်လည်း နီးစပ်နေပြန်ပါပြီ။” လို့ စတားလင်းက Sky Sportကို ပြောခဲ့တာပါ။

မန်စီးတီးကတော့ လက်ရှိ လိဂ် ၁၀ ပွဲကစားဖို့ ကျန်နေသေးချိန် လီဗာပူးရဲ့နောက် ၁ မှတ်အကွာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှ ရပ်တည်နေပြီး မနှစ်က ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က