မန်ယူ ပရိသတ်တွေကတော့အသင်းရဲ့ ထူးခြားတဲ့ ပန်းရောင် ဂျာစီကို ချစ်မြတ်နိုးကြတယ်လို့ သိရပါတယ်။

တစ်ချိန်က မန်ယူအသင်းရဲ့ အောင်ပွဲတွေကို ဂုဏ်ပြုပြီး ပန်းရောင် စာမျက်နှာကို ထည့်သွင်းထုတ်လုပ်ဖြန့်ဝေခဲ့ဖူးတဲ့ မန်ချက်စတာ ညနေခင်းသ တင်းစာကို ပြန်လည်ဆန်းသစ်ဂုဏ်ပြုတဲ့အနေနဲ့ ချုပ်လုပ်ဝတ်ဆင်ခဲ့တာလို့ သိရပါတယ်။



Photo - Sportskeeda

 

မန်ယူအသင်းကတော့ မနေ့က ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ အဝေးကွင်းပွဲမှာ အသင်းရဲ့ တတိယ ဝတ်စုံဖြစ်တဲ့ ပန်းရောင်ဂျာစီကို ပထမဆုံး အကြိမ် ဝတ်ဆင်ကစားခဲ့ပါတယ်။

ပင်နယ်တီလွဲချော်ခဲ့တဲ့ ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ မော်ရင်ဟို 

ဒီဝတ်စုံကိုတော့ မန်ယူအသင်းက ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ဝတ်ဆင်ဖို့ တရားဝင် ထုတ်ဖော်ခဲ့ပြီးနောက် ဘန်လေနဲ့ပွဲမှာတော့ အသင်းသ မိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo - Twitter

 

ဒီဝတ်စုံ စတင်ပေါ်ပေါက်လာချိန်မှာတော့ မန်ယူပရိသတ်တွေက အရမ်းကို ကြိုက်နှစ်သက်ကြပြီး စတင် မိတ်ဆက်လိုက်တဲ့နေ့မှာပဲ Adidas စတိုးမှာ ကုန်သွားခဲ့တယ်လို့ သိရပါတယ်။

လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့က စတင်ပြီးတော့ မန်ယူအသင်းရဲ့ ပန်းရောင် ဂျာစီတွေကို အကျယ်တစ်ပြန့် ရောင်းချပေးသွားတော့မှာ ဖြစ်တယ်လို့လည်း Adidas ကုမ္ပဏီက ကြေညာထားပါတယ်။

Photo - Twitter

 

ပရိသတ်တွေအနေနဲ့ မန်ယူအသင်း ဂျာစီအရောင်လေးက အခြားအသင်းတွေမှာလည်း မမြင်ဘူးမတွေ့ဘူး၊မန်ယူအသင်းကလည်း တစ်ခါမှ အသုံးမပြုပဲ ဘာလို့အခုမှ ဝတ်ဆင်ရတာလဲဆိုတဲ့အပေါ်မှာတော့ စိတ်ဝင်စားနေကြပြန်ပါတယ်။

အကြောင်းအမှန်ကတော့ ၁၉၆၃ ခုနှစ်လောက်မှာ မန်ချက်စတာညနေခင်းသတင်းစာက မန်ယူအသင်းရဲ့ အောင်ပွဲတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မန်ယူ အသင်းအကြောင်းရေးတဲ့ စာမျက်နှာကို ပန်းရောင်စာရွက်နဲ့ ဖြန့်ချိခဲ့ဖူးပြီး အဲ့ဒီတုန်းကလည်း သတင်းစာဖတ်ပရိသတ်တွေက အရမ်းကို နှစ်သက်ကြပြီး ရောင်းအားအကောင်းဆုံး သတင်းစာ ဖြစ်ခဲ့ဖူးပါတယ်။

Photo - keithlyons.me

 

အခုလည်း မန်ယူကစားသမားတွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုခဲ့ဖူးတဲ့ မန်ချက်စတာ ညနေခင်းသတင်းစာကို ပြန်လည်ဂုဏ်ပြုတဲ့အနေနဲ့ရော ခေတ်တစ်ခေတ်က အထင်ကရတစ်ခုကို ပြန်လည်ဆန်းသစ်တဲ့အနေနဲ့ရော အသင်းရဲ့ တတိယဝတ်စုံကို ဂျာစီစပွန်ဆာပေးထားတဲ့ ADIDAS ကုမ္ပဏီနဲ့တိုင်ပင်ပြီး ထုတ်လုပ်ဖြစ်ခဲ့တာလို့ သိရပါတယ်။

မန်ယူအသင်းရဲ့ စိတ်ကူးကတော့ တစ်ကယ်ကို ကောင်းမွန်ခဲ့ပြီး ပရိသတ်တွေကလည်း စိတ်ဝင်စားနှစ်သက်နေတာကြောင့်လည်း ထပ်မံ ထွက်ပေါ်လာတော့မယ့် ဂျာစီတွေရဲ့ ရောင်းအားကလည်း အင်မတန်ကို စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Photo - Picssr

 

မန်ယူအသင်းကတော့ ဒီပန်းရောင် ဂျာစီစတင် ဝတ်ဆင်ကစားခဲ့တဲ့ ပထမဆုံးပွဲမှာတော့ ဘန်လေအသင်းကို အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ တာကြောင့် ဂျာစီရဲ့ ကံကောင်းမှုတွေ ရရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က