လက်ရှိနည်းပြ မော်ရင်ဟိုရဲ့ စွမ်းဆောင်ရည်တွေကို အသင်းအမှုဆောာင်နဲ့ ပရိသတ်တွေက သဘောမကျဖြစ်နေတာ ဖြစ်ပါတယ်။

ဇီဒန်းကလက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပြီး မော်ရင်ဟိုကလည်း ရလဒ်တွေ ကောင်းမွန်ခြင်းမရှိတဲ့ အချိန်နဲ့ ဘယ်လို ဖြစ်လာမလဲ ဆိုတာက တော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

 

မန်ယူအသင်းအနေနဲ့ လက်ရှိ နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်လိုက်မယ်ဆိုပါက လစ်လပ်သွားမယ့် အသင်းနည်းပြရာထူးကို ကမ်းလှမ်းဖို့ စိတ် ဝင်စားကြောင်းဇီဒန်းက ဆိုလိုက်ပါတယ်။

ဒီစကားကိုတော့ ဇီဒန်းက သူ့ရဲ့ အခင်မင်ရဆုံး သူငယ်ချင်းတစ်ယောက်ကို ဖွင့်ပြောပြခဲ့တာလို့သိရပြီး လက်ရှိမှာလည်း မန်ယူနည်းပြ အသစ် အတွက် ဇီဒန်းက ရေပန်းစားနေတာ ဖြစ်ပါတယ်။

 

လတ်တလောသတင်းတွေအရ အသင်းရဲ့ ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်နဲ့ စံချိန်တင်ပြောင်းရွှေ့စရိတ်နဲ့ ခေါ်ယူထားတဲ့ ပေါလ်ပေါ့ဂ်ဘာရဲ့ ခြေစွမ်းအပေးမှာ အသင်း အမှုဆောင်ချုပ် အက်ဝက်ဝုဒ်က မကျေမချမ်းဖြစ်နေတာ ဖြစ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဇီဒန်းက ရီးရဲအသင်းနဲ့အတူ အံ့မခန်း စွမ်းဆောင်ရည်တွေကို ပြသထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

 

အသက် ၅၅ နှစ်အရွယ် မော်ရင်ဟိုကတော့ ယခုတစ်ပတ်တည်းမှာတော့ စပါးအသင်းနဲ့ ကစားရဖို့ ရှိနေပြီး ၎င်းရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံး ပြသနိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

မော်ရင်ဟို လက်ထက်မှာတော့ မန်ယူအသင်းက အဖွင့်ပွဲအဖြစ် လက်စတာကို အနိုင်ကစားခဲ့ပေမယ့် ဒုတိယပွဲမှာတော့ အဝေးကွင်းမှာ ဘရိုက် တန်ကို အရေးနိမ့်ခဲ့လို့ ပရိသတ်တွေရဲ့ အပြစ်တင်ခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။

Share

က္က