သီယာဂိုက မြူးနစ်မြို့မှာရှိတဲ့ သူ့အိမ်မှာ မာနေးကိုသွားနေခိုင်းတာပါ။

လီဗာပူးကွင်းလယ်လူ သီယာဂိုက မာနေးသာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် မြူးနစ်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သွားရောက်နေထိုင်တယ်လို့ ကမ်းလှမ်းထားကြောင်း သိရှိရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ မာနေးအတွက် ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။



ပထမအကြိမ် ပေါင် (၂၁) သန်းနဲ့ ကမ်းလှမ်းမှုကို လီဗာပူးက ပယ်ချလိုက်ပြီး ဘိုင်ယန်မြူးနစ်က ပေါင်သန်း (၃၀) ဝန်းကျင်နဲ့ ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်လာပါတယ်။ မာနေးကိုယ်တိုင်ကလည်း လီဗာပူးကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ဘိုင်ယန်မြူးနစ်က မာနေးပြောင်းရွှေ့နိုင်ခြေအရှိဆုံး အသင်းတသင်းလည်းဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာပဲ မြူးနစ်မြို့မှာ (၇) နှစ်ကြာနေထိုင်ခဲ့ဖူးတဲ့ သီယာဂိုက မာနေးကို မြူးနစ်မြို့ကနေအိမ်မှာ နေထိုင်စေဖို့ ပြောကြားထားတယ်လို့ သိရှိရပါတယ်။ သီယာဂိုကလည်း ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းတယောက်ဖြစ်ပြီး အဆိုပါဂျာမန်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆုတွေအပြင် (၂၀၂၀) မှာလည်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

သီယာဂိုဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလာခဲ့ပြီဆိုပေမယ့် မြူးနစ်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ရောင်းချရသေးဟန်မရှိဘဲ အခုလိုပဲ မာနေးသာ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိခဲ့ရင် ပေးနေဖို့ ပြင်ဆင်ထားတာပါ။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ နှစ်ယောက်အကြား ဒီကိစ္စအတွက် သဘောတူညီမှုတောင် ရရှိခဲ့ပြီးပြီလို့ သိရှိရပါတယ်။

လီဗာပူးကတော့ သူတို့ရဲ့ အဓိက,ကစားသမား မာနေးကို အသင်းမှာဆက်ရှိနေဖို့ ကြိုးစားနေချိန်မှာ သီယာဂိုက အခုလိုပဲ မြူးနစ်မြို့ကနေအိမ်မှာ ပေးနေမယ်လို့ ကမ်းလှမ်းလိုက်တာက လီဗာပူးပရိသတ်တွေအတွက်တော့ ရယ်ရခက်၊ ငိုရခက်ကိစ္စပဲဖြစ်ပါတယ်။ မာနေးဟာ တပတ်လုပ်ခ ပေါင် (၄) သိန်းဝန်းကျင်အလိုရှိနေပြီး ဒီပမာဏက လီဗာပူးအတွက် လိုက်လျောဖို့ ခက်ခဲနေတဲ့ ပမာဏလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က