သရုပ်ဆောင်သက်မွန်မြင့်က ရှုတင်မှာ မဆုံဖြစ်တာ ကြာနေပြီဖြစ်တဲ့ ချစ်ရတဲ့သူတွေနဲ့ ဆုံရလို့ ပျော်နေပါတယ်။ သူမချစ်ရတဲ့ သူတွေနဲ့ ဆုံခွင့်ရလို့ နေမကောင်းတာတွေတောင် ပျောက်သွားတယ်ဆိုပြီး ပြောထားပါသေးတယ်။
သရုပ်ဆောင်သက်မွန်မြင့်က ရှုတင်မှာ မဆုံဖြစ်တာ ကြာနေပြီဖြစ်တဲ့ ချစ်ရတဲ့သူတွေနဲ့ ဆုံရလို့ ပျော်နေပါတယ်။ သူမချစ်ရတဲ့ အန်တီခင်လေး ဆွေနဲ့ ဆုံခွင့်ရသလို အဆိုတော် ဖြိုးကြီးနဲ့လည်း တွေ့ဆုံခဲ့လို့ နေမကောင်းတာတွေတောင် ပျောက်သွားတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
"ဒီနေ့ ရှုတင်! ဘယ်သူတွေ ပါလဲ မမေးမိဘူး ရောက်တော့ ပျော်လိုက်တာ မဆုံတာကြာတဲ့ ချစ်ရတဲ့ အမေနဲ့၈၆ က ပိုနုနေတယ်ကွယ် ။ ကိုဖြိုးကြီးလည်းပါတယ်။ ကလေးတွေရော ခွေးကလေး Be Be ရောနေမကောင်းတာတွေ ပျောက်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
ချစ်ရတဲ့ ဒေါ်ခင်လေးဆွေနဲ့အတူ သက်မွန်တစ်ယောက် ဓာတ်ပုံတွေအများကြီး ရိုက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါသေးတယ်။ သက်မွန် ဟာယခုလက်ရှိမှာရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ပြန်လည်ရိုက်ကူးလာတာတွေ့ရပါတယ်။
သက်မွန်မြင့်အနေနဲ့ သားသမီးတွေကိုငဲ့ပြီး လက်လွှတ်ခဲ့လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ရင်သွေးလေး နှစ်ယောက် နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ဟာ ကလေးတွေအတွက် မိခင်ကောင်းတစ် ယောက်ဆို လည်း မမှားပါဘူး။
အနုပညာကို ချစ်ခင်တဲ့သူမက ကလေးတွေရလာတဲ့အချိန်မှာ သူမချစ်တဲ့ အနုပညာကို ခဏတာ စွန့်လွှတ်လိုက်ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အခုဆိုလည်း ကလေးတွေကို ပြုစုရင်း သူမချစ်တဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပေမယ့်လည်း ကလေးတွေနဲ့ အချိန်လုပြီး ဖြတ်သန်းနေရတဲ့သူမရဲ့ မိခင်ဘဝလေးကိုလည်း ယခုလို ပြောပြခဲ့ဖူးပါတယ်။
သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။