သင်ဇာဝင့်ကျော်တစ်ယောက် ၂၀၁၉ မှာ အရမ်းဟော့တဲ့ ဖက်ရှင်တွေ မဝတ်တော့ပါဘူးတဲ့.အဲ့ဒီနောက် သူချစ်တဲ့ ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းခဲ့ပါသေးတယ်.
Photo: Amazing Grace
သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းမှာ ပရိသတ် စိတ်ဝင်စားမှု ပိုများလာတာ တွေ့ရပါတယ်. ဒါပေမယ့် သူမရဲ့ ဖက်ရှင် တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါသေးတယ်. ဒါပေမယ့် သင်ဇာကတော့ ၂၀၁၉ ခုနှစ်မှာ Sexy ဆန်တဲ့ ဖက်ရှင်မျိုးတွေ မဝတ်တော့ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်.
'' ကြိုက်တဲ့သူတွေလည်း ကြိုက်တယ်. မကြိုက်တဲ့သူတွေလည်း မကြိုက်ကြတော့တဲ့ အခါကျတော့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက ကိုယ့်ကို နားလည်ပြီးတော့ ချစ်နိုင်သေးတာပဲ. ကိုယ်ကလည်း ဘာလို့ ပြန်မချစ်နိုင်ရမှာလဲ. သူတို့ရဲ့ စေတနာကို ဘာဖြစ်လို့ နားမလည်နိုင်ရမှာလဲ. တစ်ခါတလေ တချို့အချိန်တွေမှာဆို ဘာဝတ်လို့ ဝတ်ရမှန်းမသိဘူး . ပွဲချိန်နီးနေတာတောင် ဘာဝတ်ရမှန်းမသိတာ''လို့ ဆိုပါတယ်.
Photo: Amazing Grace
၂၀၁၉ ခုနှစ်မှာ သင်ဇာဝတ်ဆင်သွားမယ့် ဖက်ရှင်လေးတွေ အကြောင်းကိုလည်း အခုလို ပြောပြလာပါတယ်. ၂၀၁၈ ခုနှစ်ကလည်း သူမအတွက် မမေ့နိုင်စရာ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်ဆိုတာကို ဒီဇင်ဘာလ ၂၇ ရက်နေ့က Realme C1 Smart Phone မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့ပါတယ်.
'' သူ့နေရာနဲ့ သူပေါ့နော်. အရမ်းကြီးတော့ မဟော့တော့ဘူး. ၂၀၁၈ မှာ ဟော့ခဲ့သလို အရမ်းကြီး ဟော့ဖို့ အစီအစဉ်တော့ မရှိတော့ပါဘူး. ပြောရမယ်ဆိုရင် ၂၀၁၈ က သင်ဇာ့အတွက် အရမ်းကို ကံကောင်းတဲ့ နှစ် တစ်နှစ်လို့ ပြောလိ့ုရပါတယ်. အလုပ်တွေလည်း အများကြီးလုပ်ရတယ်. ပရိသတ် အသစ်တွေလည်း အများကြီး ထပ်ရတယ်ပေါ့နော်. မချစ်တဲ့ ပရိသတ်တွေလည်း ချစ်လာကြတယ်ဆိုတော့ အရမ်းကိုကောင်းတဲ့နှစ်လို့ သုံးသပ်လို့ရပါတယ်'' လို့ သူကဆိုပါတယ်.
Photo: Amazing Grace
အဲ့ဒီနောက် ၂၀၁၉ ခုနှစ်မှာ ဖက်ရှင်နောက်တစ်မျိုး နဲ့ မြင်တွေ့ရတော့မယ့် သင်ဇာဝင့်ကျော်က သူချစ်တဲ့ ပရိသတ်တွေ အတွက် နှစ်သစ် ဆုတောင်းစကား ဆိုခဲ့တာကို တွေ့ရပါတယ်. ဒီ ဆုတောင်းကလည်း သူမ ရင်ထဲက လာတဲ့ ဆုတောင်းဖြစ်ပါတယ်.
'' ပရိသတ်တွေ နှစ်သစ်မှာ အန္တရာယ်ကင်း ဘေးရှင်းစွာ ပျော်ရွှင်နိုင်ပါစေ.လူသစ်. စိတ်သစ်. အတွေးအခေါ်အသစ် အသစ်တွေနဲ့ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း အမြဲတမ်း ခေါင်းမော့ပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါစေ. အလုပ်အကိုင်တွေလည်း အစစအရာရာအဆင်ပြေပါစေ. စီးပွားရေးတွေလည်း အဆင်ပြေပါစေ. လူမှုရေး. အိမ်ထောင်ရေး. အချစ်ရေးတွေ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်'' လို့ ဆက်လက်ပြောပြ လာပါတယ်.
Photo: Amazing Grace
သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။
Share