အောင်မြင့်မြတ်က လက်ရှိရိုက်ကူးနေတဲ့ နာရီ ၁၁၀ ဆိုတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး ကြည့်တဲ့ ပရိသတ်တွေအတွက် ကောင်းချင်မှ ကောင်းလိမ့်မယ် သူတို့ကတော့ သေလောက်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်. ရိုက်ကွင်းပေါ်က သူတို့ရဲ့ အတွေ့အကြုံတွေကိုလည်း အခုလို ပြောပြလာပါတယ်.
သရုပ်ဆောင် အောင်မြင့်မြတ်က နာရီ ၁၁၀ ဆိုတဲ့ ဇာတ်ကား ရိုက်ကူးနေတာဖြစ်ပါတယ်. ဒီဇာတ်ကားထဲမှာ ကြိုးကြိုးစားစား ရိုက်ကူးခဲ့ရတဲ့ သူတို့ရဲ့ အကြောင်းကိုလည်း အခုလို ပြောပြလာပါတယ်.
'' နာရီတစ်ရာ့တစ်ဆယ်နဲ့ပတ်သက်ရင် .. ပြောစရာတွေအများကြီးပေါ့. အရေးကြီးဆုံးကတော့ ဒီကားထွက်လာတဲ့အခါ ခင်ဗျားတို့အတွက်တော့ သေလောက်အောင်ကောင်းချင်မှကောင်းလိမ့်မယ် .ဒါပေမယ့် ကျွန်တော်တို့တစ်တွေ သေလောက်အောင်ကြိုးစားခဲ့ကြတယ်လို့ပြောရင်တော့ ယုံပေးစေချင်တယ်ဗျာ. ငရဲပတ်ကိုဖြတ်ဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် ငရဲသားတစ်ပိုင်းဖြစ်အောင် ကြိုးစားခဲ့ကြရတယ်. ရိုက်ကူးချိန်တွေကြာလာတာနဲ့အမျှ ရိုက်ကွင်းပေါ်က လူတစ်ယောက်စီတိုင်းဟာ အချိန်လုပြီး နားကြရတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၂၂ မိနစ် အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်
နာရီ ၁၁၀ ရုပ်ရှင်ဇာတ်ကားကြီးကို နေပြည်တော်မှာ ရိုက်ကူးနေတာဖြစ်ပါတယ်. ဇာတ်ကား ရိုက်ကူးတဲ့ ရက်ကတည်း ရက် ၂၀ ကျော်နေပြီလို့ အောင်မြင့်မြတ်ကပြောပြထားပါတယ်.
''တစ်ယောက်ကို တစ်ယောက်အားပေးရင်း နှစ်သိမ့်ရင်း ထူပိုးရင်းနဲ့ပဲဖြတ်သန်းလာကြတာ ရုပ်ရှင်ရဲ့တစ်ဝက်လောက်ကို ကျော်ဖြတ်လာနိုင်ပါပြီ. ခုဆိုရင် ရိုက်ကူးရက်ကြီးပဲသပ်သပ်ဟာ ရက်ပေါင်း၂၀ကျော်လာပြီဆိုတာကို သတိမထားမိနိုင်လောက်အောင်လုံးပန်းနေကြရတာပါ .ပြောချင် တာ ကတော့ တစ်ခုထဲပါ ကျွန်တော်တို့တစ်ကယ့်ကို သေလောက်အောင် ကြိုးစားထားကြတာပါလို့ ယုံ'' ဆိုပြီးတော့ ဆက်လက်ရေးသားထားပါတယ်.
သရုပ်ဆောင်အောင်မြင့်မြတ်ကို ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေအားပေးခဲ့တာပါ။ မိဘမဲ့ကလေးတစ်ယောက် ဂျစ်ကန်ကန်လူငယ်တစ်ယောက်ကာရိုက်တာနဲ့ သိန်းစိုးဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဥပါတံမျဉ်ရုပ်ရှင်ဇာတ်ကား ရုံတင်ပြီးတဲ့နောက်မှာတော့ အောင်မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။
လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကား နဲ့ ဇာတ်လမ်းတွဲ တော်တော်များများမှာလည်း အောင်မြင့်မြတ်ကို တွေ့ရတော့မှာဖြစ်ပါတယ်. သူ့မှာတော့ ၄ နှစ်အကြာလက်တွဲလာခဲ့တဲ့ ချစ်ရသူလေး အိမီမီကို ရှိပါတယ်. ချစ်သူလို သူငယ်ချင်းလို နေလာခဲ့ပြီး တစ်ယောက်အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရင်းနဲ့ ဖြတ်သန်းလာခဲ့ကြတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်.