ကျောက်တည်နေတာပါ။

လွန်ခဲ့တဲ့ (၂) ရက်လောက် ဖေ့စ်ဘွတ်မှာ ရေးခဲ့တဲ့ ကျန်းမာရေးအကြောင်း ပြောပြခဲ့တာပါ။ သူတင်လိုက်တဲ့ စာကြောင့် စိုးရိမ်နေတဲ့ပရိသတ်တွေကို မစိုးရိမ်ဖို့ ပြောထားပါတယ်။

 

Photo : ထွန်းအိန္ဒြာဗိုလ်



လွန်ခဲ့တဲ့ (၂၃)နှစ်လောက်က ကျောက်ကပ်မှာ ကျောက်တည်ဖူးခဲ့တဲ့ သူမက အခုလည်း ကျောက်ပြန်တည်လို့ ဆေးကုရမယ်လို့ ဆိုပါတယ်။ အရင်ကလို ကျောက်ကအကြီးကြီး မဟုတ်ဘဲ သေးသေးလေး ဖြစ်တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

“ဘာမှတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၃နှစ်က ကျောက်တည်ဖူးတယ်။ အခုတစ်ခါ Regular Checkups ကိုနှစ်တိုင်းလုပ်နေတော့ အခုတစ်ခါ လုပ်ကြည့်တော့ ကျောက်လေး ပြန်တည်တဲ့ဟာလေး တွေ့တော့ ပြန်ထုတ်ရမယ်။ လွန်ခဲ့တဲ့ ၂၃နှစ်က တည်တဲ့ ကျောက်က တော်တော်ကြီးခဲ့တာပေ့ါ။ အခုဟာကတော့ တည်ခါစလေးဆိုတော့ သေးသေးလေးပါ။ ဆေးရုံတောင်မှ ညအိပ်စရာမလိုဘူး။ ခဏတက်ပြီးတာနဲ့ ဆင်းရမှာ”လို့ မေလ(၃၀) ရက်နေ့က မီဒီယာတွေကို ပြောပြခဲ့တာပါ။

သူမရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကတော့ ကျောက်တည်တာပဲ ရှိပြီး ကျန်တာအားလုံး ကောင်းတယ်လို့ ဆိုပါတယ်။

သူမရဲ့ ပရိသတ်တွေကလည်း အစစအရာရာ ပြန်အဆင်ပြေစေဖို့ ဆုတောင်းမေတ္တာလေးတွေ ပို့ထားကြပါသေးတယ်။ လက်ရှိမှာ သူမဟာ ဇာတ်ကားရိုက်ကူးတွေ နားထားကာ သားလေးအတွက် အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ အခုလာမယ့် မေလ(၃၀) ရက်နေ့မှာ သူမပါဝင်ထားတဲ့ "စရိုက်" ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားမှာ သူမနဲ့အတူ လူမင်း၊ကျော်ထက်အောင်၊နဲ့ ခိုင်သင်းကြည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

သူမ ဟာ ဂီတဘက်မှာလည်း အောင်မြင်တဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုတွေနဲ့ ထူးချွန်သူ တစ်ယောက် ဖြစ်ပါတယ်။

 ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က