ရော်နယ်ဒိုက လူး၀စ္စအင်းနရစ်ကို အံ့အားသင့်ဖွယ်ခေါ်ယူစေချင်နေပါတယ်။

ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်ရှာဖွေနေတဲ့ ယူနိုက်တက်ဟာ အင်းနရစ်ကို ချိတ်ဆက်နေတယ်လို့သတင်းတွေထွက်လာခဲ့တဲ့အပေါ် စပိန်နည်းပြက ပြန်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းက သူ့ကိုခေါ်ယူဖို့ချိတ်ဆက်နေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေကို စပိန်လက်ရွေးစင်နည်းပြလူး၀စ္စအင်းနရစ်က ပျက်ရယ်ပြုပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်ရှာဖွေနေတဲ့ ယူနိုက်တက်ဟာ အင်းနရစ်ကို ချိတ်ဆက်နေတယ်လို့သတင်းတွေထွက်လာခဲ့တဲ့အပေါ် စပိန်နည်းပြက ပြန်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။



ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုကလည်း နည်းပြသစ်အဖြစ် အင်းနရစ်ကို ခန့်အပ်စေချင်တယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။ Sky Sports က ဖော်ပြခဲ့ရာမှာလည်း ရော်နယ်ဒိုက ဇီဒန်းထက် အင်းနရစ်ကို ပိုမိုအလိုရှိနေတယ်လို့ ဆိုခဲ့တာကြောင့် ဒီသတင်းက ပိုမိုပျံ့နှံလာခဲ့ပြီး နည်းပြသစ်ဘယ်သူဖြစ်လာမလဲဆိုတာက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။



ဒါပေမယ့် စပိန်တီဗီချန်နယ်တစ်ခုဖြစ်တဲ့ La Sexta က ဒီသတင်းတွေနဲ့ပတ်သက်ပြီး အင်းနရစ်ကိုမေးမြန်းခဲ့ရာမှာ "ဒီနေ့က ဧပရယ်ဖူးလ်နေ့လား" လို့သာ အင်းနရစ်က ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်နည်းပြရာထူးနဲ့ သူနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကို အင်းနရစ်က တိုတိုတုတ်တုတ်နဲ့ ပြန်ဖြေရှင်းသွားခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ပဲ့ကိုင်ရှင်က သူဖြစ်လာမှာမဟုတ်ဘူးလို့ အဖြေပေးခဲ့တာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်အဝတ်လဲခန်းအတွင်း အလွှမ်းမိုးနိုင်ဆုံးကစားသမားဖြစ်နေတဲ့ ရော်နယ်ဒိုက စပိန်မှာ သူ့အသင်းရီးရဲလ်နဲ့ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ အင်းနရစ်ကို သဘောကျနေတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ နည်းပြသစ်အဖြစ် ဇီဒန်း၊ အေဂျက်ဇ်နည်းပြတန်ဟက်ဂျ်၊ ပီအက်စ်ဂျီနည်းပြပိုချက်တီနိုတို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဘယ်သူ့ကိုခန့်အပ်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

Share

က္က