နယူးကာဆယ်နည်းပြရာထူးသစ်နေရာတွေအတွက် အက်ဒီဟိုဝီ၊ လမ်းပတ်၊ ဂျရတ် နဲ့ ဂရေဟမ်ပေါ်တာတို့လည်း နာမည်ထွက်နေပါတယ်။
ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ နာမည်ကျော်နည်းပြကွန်တီဟာ နယူးကာဆယ်နည်းပြသစ်ရာထူးနေရာကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အင်တာမီလန်နဲ့ လမ်းခွဲပြီးနောက် ကွန်တီဟာ အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပြီး သူ့ကိုခေါ်ယူချင်တဲ့အသင်းတချို့ရှိနေပေမယ့်လည်း ငြင်းဆန်ခဲ့တာဖြစ်ပြီး နယူးကာဆယ်က ပိုင်ရှင်သစ်အပြောင်းအလဲဖြစ်လာချိန်မှာတော့ နည်းပြသစ်အဖြစ် ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်နည်းပြရာထူးသစ်နေရာတွေအတွက် အက်ဒီဟိုဝီ၊ လမ်းပတ်၊ ဂျရတ် နဲ့ ဂရေဟမ်ပေါ်တာတို့လည်း နာမည်ထွက်နေပါတယ်။ နယူးကာဆယ်ဟာ လာမယ့်အပတ်အတွင်း စတိဗ်ဘရုစ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့လည်း သိရကာ ဘရုစ်ဟာ စပါးနဲ့ကစားရမယ့် တနင်္ဂနွေနေ့ပွဲစဉ်ကို နောက်ဆုံးအဖြစ် ကိုင်တွယ်ရဖို့
ရှိတယ်လို့လည်း အင်္ဂလန်မီဒီယာအများအပြားက ခန့်မှန်းဖော်ပြနေကြပါတယ်။