ချစ်စရာလေးတွေပါ။

ဝေဖန်မှုတွေကြားထဲကနေ ခိုင်မာတဲ့ ချစ်ခြင်းသံယောဇဉ်လေးနဲ့တည်ဆောက်ထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အချစ်ရေးက အရမ်းကို ပျော်ရွှင်စရာကောင်းလှပါတယ်။ အချစ်က ထူးဆန်းမှုတွေရှိသလို ရွှေမှုံပစ်သွားမယ်ဆိုရင်တောင် ချစ်နေမယ်ဆိုတဲ့ ရွှေထူးရဲ့ ချစ်ခြင်း မေတ္တာကလည်း အရမ်းကို အံ့သြဖို့ကောင်းလှပါတယ်။



Photo : ရွှေထူး FB

 

ဝေဖန်မှုတွေကြားထဲကနေ ခိုင်မာတဲ့ ချစ်ခြင်းသံယောဇဉ်လေးနဲ့တည်ဆောက်ထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အချစ်ရေးက အရမ်းကို ပျော်ရွှင်စရာကောင်းလှပါတယ်။ အချစ်က ထူးဆန်းမှုတွေရှိသလို ရွှေမှုံပစ်သွားမယ်ဆိုရင်တောင် ချစ်နေမယ်ဆိုတဲ့ ရွှေထူးရဲ့ ချစ်ခြင်း မေတ္တာကလည်း အရမ်းကို အံ့သြဖို့ကောင်းလှပါတယ်။

Photo : ရွှေထူး FB

ဒီနေ့(စက်တင်ဘာ ၁၈ရက်)မှာလည်း ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ ရွှေမှုံနဲ့ သူနဲ့ သနပ်ခါးလေးတွေ လိမ်းပြီး အပြိုင်ပဲပေးနေကြတဲ့ ပုံလေးကို တင်ထားပါသေးတယ်။

အဲ့ဒီပုံထဲမှာ သူတို့နှစ်ယောက်စလုံး သနပ်ခါးလေးတွေ လိမ်းပြီး အကျႌအဖြူလေးတွေ ဆင်တူဝတ်ထားပါတယ်။ ချစ်သူရှိနေရင် ပြီးပြည့်စုံပြီ ဆိုတဲ့ အပြုံးလေးတွေနဲ့ အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။လက်ရှိ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်း ခံရဆုံးလည်း ဖြစ်လို့နေပါတယ်။

Photo : ရွှေထူး FB

 

ရွှေထူးဟာ ရွှေမှုံနဲ့ ပတ်သက်ပြီး သူခံစားရတဲ့ ခံစားချက်တချို့ကိုလည်း သူတို့နှစ်ယောက်ရဲ့ Anniversary တုန်းက အင်စတာဂရမ်ကနေ ပြောပြထားတာ တွေ့ရပါတယ်။

"သူပျော်ရင်ကျွန်တော်ပျော်တယ် ။ သူစိတ်ညစ်ရင်ကျွန်တော်စိတ်ညစ်တယ် ။ကျွန်တော်အဖြူစင်ဆုံးရိုးသားစွာသူမကိုပြောပြချင်တယ် ။ချစ်တယ်။ အရမ်းချစ်မိသွားတယ် ။အချစ်ကထူးဆန်းတယ် သူပစ်သွားမယ်ဆိုလည်းချစ်တယ်။ သူမချစ်တော့လည်းချစ်မယ် ။အဲ့တာ ကျွန်တော့်ရဲ့အချစ်ပဲ  ကျွန်တော်အတွက်ဘာမှမလိုဘူးသူပျော်ရွှင်နေဖို့ပဲလိုတယ်။သူပြုံးလိုက်ရင်ကျွန်တော်စိတ်ချမ်းသာတယ်  Happy Anniversary ပါစာကလေး"ဆိုပြီး ရွှေထူးရဲ့ အင်စတာဂရမ်မှာ  စက်တင်ဘာ(၆)ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ရွှေထူး FB

မွေးနေ့မှာသီချင်းအသစ်နဲ့အတူ အလှူအတန်းတွေလုပ်မယ်ဆိုတဲ့ ရွှေထူး 

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်သလို အဲ့ဒီဇာတ်ကားရိုက်ကူးရင်းနဲ့ သူတို့နှစ်ယောက် ကြိုက်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

Photo : ရွှေထူး FB

 

ပရိသတ်အချစ်တော် အဆိုတော် ရွှေထူးတစ်ယောက် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာ အမှတ်တရအဖြစ် သီ ချင်း အသစ်တစ်ပုဒ် မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မွေးနေ့မှာလည်း အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ ရွှေထူး ကတော့ အသက် ၂၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

'' မွေးနေ့ကျ သီချင်းအသစ်တစ်ပုဒ်ထပ် Share မယ်။ 89 Miles မှာ အလှူသွားလုပ်မယ်။ ဒန်တန်တန်'' ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီက ရွှေထူးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ရွှေထူး Post တင်ပြီးတဲ့ နောက်မှာပဲ သူ့ရဲ့ ပရိသတ်တွေက ချက်ချင်းဆိုသလို Birthday Wish တွေ လုပ်ပေးခဲ့ကြပါသေးတယ်။

Share

Loading Next Article...
က္က