အပြီးသတ်စာချုပ်ချုပ်ဆိုဖို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

လက်ရှိမှာ လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေကို လုပ်ဆောင်နေတယ်လို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက အတည်ပြုပြောကြားခဲ့ပါတယ်။


နယူးကာဆယ်အသင်းဟာ နည်းပြသစ်အဖြစ် ဘုန်းမောက်နည်းပြဟောင်းအက်ဒီဟိုဝီကို ခန့်အပ်ဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။ ၂နှစ်ခွဲစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး လက်ရှိမှာ လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေကို လုပ်ဆောင်နေတယ်လို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက အတည်ပြုပြောကြားခဲ့ပါတယ်။



ဗီလာရီးရဲလ်နည်းပြအူနိုင်းအမ်မရီကို နယူးကာဆယ်ကချဉ်းကပ်ခဲ့ပေမယ့် အမ်မရီက ငြင်းဆန်ခဲ့ပြီး နောက်ဆုံးမှာတော့ အက်ဒီဟိုဝီကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်နည်းပြတစ်ဦးအဖြစ်နဲ့ ပရီးမီးယားလိဂ်မှာ အက်ဒီဟိုဝီက ထင်ရှားခဲ့ပြီး သူ့လက်ထက်မှာ ဘုန်းမောက်ကို လူရိုသေရှင်ရိုသေအသင်းဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်နည်းပြဖြစ်လာမယ်လို့တောင်မှ သတင်းကြီးခဲ့တဲ့ အက်ဒီဟိုဝီဟာ ၂၀၂၀ မှာတော့ အသင်းတန်းဆင်းခဲ့ရပြီးနောက် ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ အဲဒီအချိန်ကစကာ အက်ဒီဟိုဝီက ကလပ်အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး အခုအခါ နယူးကာဆယ်နဲ့အတူ ဘောလုံးလောကထဲပြန်လည်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ 

နယူးကာဆယ်ပိုင်ရှင်သစ်တွေကလည်း ဟိုဝီက အသင်းနဲ့သင့်တော်မယ့်သူအဖြစ် ရှုမြင်ထားတယ်လို့ Sky Sports က ဆိုပါတယ်။ လာမယ့်စနေနေ့မှာ နယူးကာဆယ်က ဘရိုက်တန်နဲ့ကစားရဖို့ရှိနေပြီး အဆိုပါပွဲမတိုင်ခင်မှာ ဟိုဝီနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြောင်းသိရပြီး လာမယ့် နာရီအနည်းငယ်အတွင်းမှာ အသင်းနည်းပြသစ်အဖြစ် ကြေညာနိုင်ဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က