နာမည်ကြီးစမတ်ဖုန်းကုမ္ပဏီကြီးတွေ မသုံးနိုင်သေးတဲ့ Under display Selfie ကင်မရာနည်းပညာကို Rakuten ဖုန်းသစ်မှာ သုံးလာပါတယ်။
ကမ္ဘာပေါ်မှာ Under Display Selfie ကင်မရာကို ပထမဆုံး သုံးတဲ့ဖုန်း Axon 205G ကို ZTE ကုမ္ပဏီက အရင်ဆုံးမိတ်ဆက်သွားတာပါ။ စက်တင်ဘာလထဲမှာပဲ ဗီယက်နမ်စမတ်ဖုန်းကုမ္ပဏီ Vinsmart ကလည်း အလားတူ အဆင့်မြင့် ရှေ့ကင်မရာနည်းပညာပါ Vsmart Axis Pro ဖုန်းကို ကြေညာသွားပါတယ်။
Photo; mynavi
တတိယမြောက် Under display ဆယ်လ်ဖီကင်မရာပါ ဖုန်းကိုတော့ ဂျပန်စမတ်ဖုန်းကုမ္ပဏီ Rakuten က ထုတ်လုပ်လိုက်ပြီး ဂျပန်ဈေးကွက်မှာ Rakuten BIG ဖုန်းအဖြစ် မိတ်ဆက်လိုက်ပါတယ်။ Rakuten BIG ဆိုတဲ့ နာမည်အတိုင်း အရွယ်အစား ကြီးမားတဲ့ ၆.၉ လက်မ display နဲ့လာပါတယ်။
OLED pane အမျိုးအစားဖြစ်ပြီး အပေါ်အောက် ဘောင်အနည်းငယ်ရှိပါတယ်။ ကျောဘက်မှာ ထောင်လိုက်တန်း ကင်မရာ ၄ လုံးသုံးထားပြီး Rakuten ရဲ့ အမှတ်တံဆိပ်ထွင်းထားပါတယ်။ Rakuten BIG ရဲ့ highlight feature ကတော့ မှန်ပြင်အောက်ဆယ်လ်ဖီကင်မရာ နည်းပညာ ဖြစ်ပါတယ်။
Screen အောက်မှာ ရောက်နေတဲ့ Selfie ကင်မရာဟာ 32MP sensor ဖြစ်ပါတယ်။ ကျောဘက် Quad Cameras တွေအနေနဲ့ 64MP main sensor ၊ 8MP superwide sensor ၊ 2MP depth sensor နဲ့ 2MP macro sensor တို့နဲ့ ဖွဲ့စည်းထားပါတယ်။ IP68 rating ရေစိုဖုန်တင်ဒဏ်ခံနိုင်တဲ့ ဖုန်းဖြစ်ပြီး eSIM ၊ NFC နဲ့ Bluetooth 5.0 စနစ်တို့ ပံ့ပိုးပါရှိပါတယ်။
Photo: mynavi
5G ချိတ်ဆက်မှု ရတဲ့ Snapdragon 765G processor သုံးထားပြီး RAM 6GB ၊ 128GB storage နဲ့ လာပါတယ်။ ထပ်ပြီး storage မြှင့်ဖို့အတွက်လည်း microSD card slot ပေးထားပါတယ်။ ဘက်ထရီပါဝါ 4000mAh ဖြစ်ပြီး Android 10 စနစ် သုံးထားပါတယ်။ အရောင်အနေနဲ့ အနက် ၊ အဖြူနဲ့ နီညိုကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။
ဂျပန်ဈေးကွက်မှာ ဒီဖုန်းကို ယန်း ၆၉၈၀၀ (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။