၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားရမယ်လို့ ညွှန်ကြားထားပါတယ်။

ဆွီဒင်နိုင်ငံရဲ့ 5G ကွန်ရက်တည်ဆောက်ရေးမှာ Huawei နဲ့ ZTE တို့ရဲ့ တယ်လီကွန်းပစ္စည်းတွေကို ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

"ဒီပိတ်ပင်မှုဟာ ကြိမ်နှုန်းတွေ အသုံးပြုပြီး ဆွီဒင်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုမဖြစ်စေဖို့ ဖြစ်တယ်" လို့ ဆွီဒင်ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး အာဏာပိုင်အဖွဲ့ PTS က ထုတ်ပြန်ပါတယ်။ နိုင်ငံအတွင်း ကွန်ရက်တွေမှာ တပ်ဆင်ထားတဲ့ Huawei နဲ့ ZTE ပစ္စည်း အစိတ်အပိုင်းတွေကိုလည်း ၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားရမယ်လို့ ညွှန်ကြားထားပါတယ်။



Photo: South China Morning Post

တယ်လီကွန်းအာဏာပိုင်အဖွဲ့ PTS ရဲ့ ထုတ်ပြန်ချက်ဟာ လာမယ့်လမှာ ကျင်းပသွားမယ့် လှိုင်းနှုန်းစဉ်လေလံပွဲမတိုင်ခင်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ လုံခြုံရေးဌာနတွေဆီက အကြံပေးချက်တွေ ရပြီးနောက် ဒီဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်တယ်လို့ Reuters သတင်းက ဆိုပါတယ်။ 

ဆွီဒင်ရဲ့ 5G လှိုင်းနှုန်းစဉ် လေလံပွဲမှာ ကုမ္ပဏီလေးခုဟာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားပါတယ်။ လိုင်စင်သတ်မှတ်ချက်ထဲက နှစ်ခုဟာ Huawei ဒါမှမဟုတ် ZTE supplier တွေဆီက ထုတ်ကုန်တွေနဲ့ Installation သစ်များ တပ်ဆင်မှု လုပ်ခွင့်မပေးခြင်းနဲ့ ၂၀၂၅ ခုနှစ်မှာ Huawei နဲ့ ZTE ပစ္စည်းတွေကို နိုင်ငံ့ကွန်ရက်တွေအတွင်းကနေ ဖယ်ထုတ်သွားမယ်လို့ ပါရှိပါတယ်။

ဆွီဒင်ဟာ ယူကေပြီးရင် Huawei နဲ့ ZTE ပစ္စည်းတွေကို နိုင်ငံအတွင်းက ဖယ်ထုတ်ဖို့ တရားဝင်ထုတ်ပြန်လိုက်တဲ့ ဒုတိယမြောက် ဥ‌ရောပနိုင်ငံကြီးတစ်ခု ဖြစ်လာပါတယ်။ ယူကေအစိုးရဟာ လာမယ့် ၂၀၂၇ ခုနှစ်မှာ Huawei ပစ္စည်းအစိတ်အပိုင်းအားလုံးကို နိုင်ငံအတွင်းမှ လုံးလုံးလျားလျား ဖယ်ရှားသွားဖို့ ညွှန်ကြားထားပါတယ်။

Photo: GSMArena

5G ကွန်ရက်တည်ဆောက်ရေးအတွက် ဆွီဒင်ဈေးကွက်မှာ Huawei နဲ့ ZTE တို့ကို ဖယ်ရှားလိုက်တာကြောင့် ဆွီဒင်အခြေစိုက် Ericsson နဲ့ ဖင်လန်အခြေစိုက် Nokia တို့ဟာ ပင်မ 5G ပစ္စည်းထောက်ပံ့သူ ဖြစ်လာဖို့ ရှိပါတယ်။ Nokia ဟာ ပြီးခဲ့တဲ့လထဲမှာပဲ ဗြိတိန်ရဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်တဲ့ BT နဲ့ 5G ပစ္စည်းအစိတ်အပိုင်းများ ရောင်းချဖို့ သဘောတူစာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က