မဲစာရင်းသွင်းတဲ့ အချက်အလက်တွေ ရယူခြင်းဟာ ကိုယ့်ရဲ့မဲတွေကိုတော့ ပြောင်းလဲစေမယ်လို့ မဆိုလိုဘူးလို့ FBI ညွှန်ကြားရေးမှူးက ပြောပါတယ်

အီရန်နဲ့ ရုရှားတို့ဟာ လာမယ့် အမေရိကန်ရွေးကောက်ပွဲကို မတည်ငြိမ်အောင် လုပ်နေတယ်လို့ FBI က ပြောပါတယ်။

အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်ဖီရဲ့ ပြောကြားချက်အရ အီရန်နဲ့ ရုရှားတို့ဟာ မဲဆန္ဒရှင်စာရင်းသွင်းတဲ့ အချက်အလက်တွေ ရယူထားပြီး အီရန်တွေဟာ မဲဆန္ဒရှင်တွေကို ထိတ်လန့်စေမယ့် အတုအယောင်အီးမေးလ်တွေ ပေးပို့ဖို့ ဒီအချက်အလက်တွေ သုံးနေတယ်လို့ CNET သတင်းက ဆိုပါတယ်။



အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်ဖီ (Photo: cbs58)

"နိုင်ငံခြားက စွက်ဖက်သူတွေဟာ ဒီအချက်အလက်တွေသုံးပြီး မဲစာရင်းပေးထားတဲ့သူတွေကို မှားယွင်းတဲ့ သတင်းအချက်တွေပေးဖို့ ကြိုးစားနေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမေရိကန်ဒီမိုကရေစီမှာ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု အားနည်းပြီး ရှုပ်ထွေးမှုတွေ ဖြစ်စေဖို့ မျှော်လင့်နေကြပါတယ်။"လို့ ဗုဒ္ဓဟူးနေ့ညနေပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ရတ်ကလစ်ဖီက ပြောပါတယ်။

အီရန်က ပေးပို့တဲ့ အလိမ်အညာအီးမေးလ်တွေဟာ မဲဆန္ဒရှင်တွေ ထိတ်လန့်ခြောက်ခြားအောင် သမ္မတဒေါ်နယ်ထရမ့်ကို အခက်တွေ့ပြီး ပျက်စီးအောင် ဒီဇိုင်းထုတ်ထားတယ်လို့ ရတ်ကလစ်ဖီက ဆိုပါတယ်။ "ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဒီလအကြောင်းကို သတင်းပို့တဲ့သူတစ်ချို့ကို ခင်ဗျား မြင်မိပါလိမ့်မယ်။ ခင်ဗျားကိုယ်တိုင်တောင် အဲဒီလိုအီးမေးလ်တွေ လက်ခံရရှိသူတွေထဲက တစ်ယောက် ဖြစ်နိုင်ပါတယ်။"

FBI ညွှန်ကြားရေးမှူး ခရစ္စဝရေးကတော့ မဲစာရင်းသွင်းတဲ့ အချက်အလက်တွေ ရယူခြင်းဟာ ကိုယ့်ရဲ့မဲတွေကိုတော့ ပြောင်းလဲစေမယ်လို့ မဆိုလိုဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ၂၀၂၀ သမ္မတရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးဖို့ တရုတ် ၊ ရုရှားနဲ့ အီရန်တို့ဆီက သတင်းအချက်အလက်မှား ဖြန့်တဲ့ ကမ်ပိန်းတစ်ခု ရှိကြောင်း သတိပေးထားပါတယ်။ 

Photo: Sydney Morning Herald

ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အဦပိုင်း လုံခြုံရေးဆိုင်ရာ အေဂျင်စီနဲ့ FBI တို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ နိုင်ငံခြားမှ စွက်ဖက်သူတွေနဲ့ ဆိုက်ဘာပြစ်မှုကျူးလွန်နေသူတွေဟာ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ် ရွေးကောက်ခံသမ္မတလောင်း ဂျိုးဘိုင်ဒင်တို့အကြား ရွေးကောက်ပွဲ ရလဒ်အပေါ် သတင်းအချက်အလက်မှားတွေ ဖြန့်ဖြူးနေဖွယ်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲသတင်းမှား ဖြန့်ဖြူးဖို့ လုပ်နေသူတွေဟာ ရွေးကောက်ပွဲရဲ့ တရားမဝင်အနိုင်ရသူများအကြောင်း ဖော်ပြဖို့ ဝက်ဘ်ဆိုက်အတုအယောင်များ ဖန်တီးခြင်း ၊ လက်ရှိ မဲကောက်တဲ့ Poll-tracking ဝက်ဘ်ဆိုက်များကို ဆိုက်ဘာထိုးဖောက်မှုလုပ်ပြီး လူမှုကွန်ရက်ပေါ်မှာ သတင်းမှားများ ဖြန့်ဝေမှုများ လုပ်ဖို့လည်း ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က