In partnership with  logo
အလုပ်သစ်ပြောင်းဖို့ စိတ်ကူးနေပြီလား

လက်ရှိလုပ်နေတဲ့အလုပ်က လစာမကောင်းလို့ပဲဖြစ်ဖြစ်၊ ဆက်မလုပ်လိုတော့လို့ပဲဖြစ်ဖြစ် အလုပ်သစ်ပြောင်းဖို့ စိတ်ကူးနေပြီဆိုရင်တော့ မဖြစ်မနေပြင်ဆင်ထားရမယ့် ကိစ္စလေးတွေရှိနေပါတယ်။ အလုပ်သစ်ပြောင်းချင်တဲ့သူတွေ မဖြစ်မနေ လုပ်ရမယ့် အချက်(၅)ချက်ကို ပြောပြပေးချင်ပါတယ်။ 



၁။ ဆိုရှယ်မီဒီယာအကောင့်တွေကို ပြန်စီစစ်ပါ 

ကိုယ်သုံးနေတဲ့ Facebook အကောင့်ပဲဖြစ်ဖြစ်၊ LinkedIn အကောင့်ပဲဖြစ်ဖြစ် update ဖြစ်အောင် တစ်ချက် ပြန်စစ်ပြီး ဖြည့်လိုက်ပါ။ Friend Only အသုံးပြုနေတယ်ဆိုရင်တောင် ကိုယ့်ရဲ့ အလုပ်အကိုင်အတွေ့အကြုံတွေကို အကောင့်မှာ ပြန်ဖြည့်ထားဖို့လိုပါတယ်။ ဒီဘက်ခေတ်မှာ 

အလုပ်ခန့်တဲ့သူတွေက ဆိုရှယ်မီဒီယာအကောင့်ကိုပါ စစ်တတ်ကြတာဖြစ်လို့ ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို update ဖြစ်အောင် တစ်ချက် ပြန်စစ်ပါ။ 

အသစ်ပြောင်းလျှောက်မယ့် ကုမ္ပဏီအကြောင်း အနည်းအကျဉ်း‌တော့ သိထားဖို့လိုအပ်ပါတယ်။

၂။ကိုယ်ပြောင်းလျှောက်မယ့် ကုမ္ပဏီအကြောင်း စုံစမ်းပါ 

ကိုယ် အသစ်ပြောင်းလျှောက်မယ့် ကုမ္ပဏီအကြောင်း အနည်းအကျဉ်း‌တော့ သိထားဖို့လိုအပ်ပါတယ်။ ကုမ္ပဏီဝက်ဆိုက်ကို ဝင်ကြည့်တာမျိုး၊ အဲဒီမှာရှိနေတဲ့ ဝန်ထမ်းတွေနဲ့ ကုမ္ပဏီအကြောင်း တီးခေါက်ကြည့်တာမျိုး လုပ်ထားပါ။ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ သတင်းတွေဖတ်ထားပါ။ ဒါတွေက ကိုယ့်ကို အင်တာဗျူးမှာ အထောက်အပံ့ပေးပါလိမ့်မယ်။ 

၃။ ကိုယ်လျှောက်မယ့် ရာထူးအတွက် ပြင်ဆင်ထားပါ 

ကိုယ်က ဘယ်လိုရာထူးမျိုးအတွက် လျှောက်မှာလဲ၊ ဒီအလုပ်သစ်ဟာ လက်ရှိ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ဘာတွေကွာခြားမှုရှိသလဲ ။ ကိုယ့်မှာကော ဖြည့်စွက်ဖို့ လိုအပ်နေတဲ့ Skills တွေက ဘာတွေဖြစ်မလဲ စတဲ့အချက်တွေကို သုံးသပ်ပြီး ပြင်ဆင်ထားပါ။ 

၄။ကိုယ့်အထက်လူကြီးဖြစ်လာမယ့်သူကို စုံစမ်းထားပါ 

ကိုယ် လျှောက်မယ့် အလုပ်သစ်မှာ ကိုယ့်ရဲ့ အထက်လူကြီးဖြစ်လာမယ့်သူက ဘယ်သူဖြစ်မလဲဆိုတာကို စုံစမ်းထားပါ။ သိပြီဆိုရင် အလုပ်လျှောက်လွှာတင်တဲ့အခါ HR Department ကိုသာမက သူ့ရဲ့ မေးလ်ကိုပါ အလုပ်လျှောက်လွှာတင်တာက ပိုပြီးထိရောက်သလို ကိုယ့်အလုပ်လျှောက်လွှာကိုလည်း သတိထားမိပြီးသားဖြစ်သွားပါလိမ့်မယ်။ 

၅။အလုပ်လျှောက်လွှာကို သေချာပြင်ဆင်ပါ 

နောက်ဆုံးအဆင့်ဖြစ်တဲ့ အလုပ်လျှောက်ခြင်းအဆင့်ကတော့ အရေးကြီးဆုံးပါပဲ။ အလုပ်လျှောက်တဲ့အခါ တစ်ဖက်က ကိုယ့်ကို သဘောကျနှစ်ခြိုက်ပြီး လျှောက်ထားတဲ့ အလုပ်နဲ့ ကိုက်ညီမှုရှိတဲ့သူဖြစ်အောင် အလုပ်လျှောက်လွှာကို သေချာပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ resume နဲ့ cover letter တွေမှာ ကိုယ့်ရဲ့ အရည်အချင်း ၊ လုပ်နိုင်စွမ်းရည်တွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ထင်သာမြင်သာအောင် ရှင်းလင်းတိကျစွာဖော်ပြပေးထားဖို့ လိုအပ်ပါတယ်။ 

ဒီအချက် (၅) ချက်ကိုသာ သေချာပြင်ဆင်ထားမယ်ဆိုရင် ကိုယ်ပြောင်းချင်တဲ့ အလုပ်သစ်ကို ရရှိသွားနိုင်မှာသေချာပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ့်ရဲ့ အလုပ်သစ်မှာ ကိုယ့်ရဲ့ Skills တွေ၊ Performance ကောင်းကောင်းပြနိုင်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာလည်း ကြိုတင်စဉ်းစားပြင်ဆင်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ 

အလုပ်လျှောက်ချင်တဲ့သူတွေအတွက် အွန်လိုင်းကနေ အလုပ်လျှောက်မယ်ဆိုရင် သတိထားရမယ့် အရေးကြီးဆုံး အချက် (၆) ချက် နဲ့ 

သင့် CV အကောင်းဆုံးဖြစ်အောင် လိုက်နာရမယ့် အချက် ၆ ချက်ကိုလည်း ဖတ်ရှုစေချင်ပါတယ်။ 

တိုက်ရိုက်အလုပ်လျှောက်လိုသူတွေအနေနဲ့လည်း https://bit.ly/36dK86C မှာ တိုက်ရိုက် အလုပ်လျှောက်နိုင်ပါတယ်။ 


Share

က္က