ကုသိုလ်အလှူလေး လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

စိုးမြတ်သူဇာကတော့ မင်္ဂလာသက်တမ်း နှစ်(၅၀)တိုင်အောင် ချစ်ချစ်ခင်ခင်နေလာခဲ့တဲ့ မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာတွေကို လေးစားအားကျနေမိတယ်လို့ဆိုပါတယ်။ 

Photo: Soe Kyi Phyu



ဒီနေ့ကတော့ သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ သရုပ်ဆောင် စိုးမြတ်နန္ဒာနဲ့ စိုးသူရထွန်း တို့ရဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဦးစိုးမြင့် နဲ့ ဒေါ်ကြည်ကြည်ခင် တို့ရဲ့ မင်္ဂလာသက်တမ်း နှစ်(၅၀) ပြည့် ဖြစ်ပါတယ်။ ဒီလို အမှတ်တရနေ့လေးကို သမီးအကြီးဆုံးဖြစ်တဲ့ စိုးမြတ်သူဇာက ကုသိုလ်ကောင်းမှုတွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

" ဒီနေ့တော့ အဖေ နဲ့ အမေ တို့ နှစ်(၅၀) ပြည့် ရွှေရတု အမှတ်တရ အနေနဲ့ မကြီးမွေးနေ့တိုင်း  ဆွမ်းလောင်းနေတဲ့ ဘုန်းကြီးကျောင်း (၁၀) ကျောင်းက သံဃာအပါး ၆၀၀ အတွက် ဆွမ်းဆန် လှူဒါန်းဖြစ်တယ်။ Covid ကာလ အလှူရှင်လည်း အများကြီး မရှိတာမို့ ၊ ဆွမ်းအတွက် ဆန် နဲ့ ပဲ အပြင် အချိုပွဲ အတွက် မကြီးနဲ့အတူ ပါရမီဖြည့်နေကျဖြစ်တဲ့ Nice Food က ဘတ်တာကိတ်မုန့်ဘူးတွေ ၊ အထားခံတဲ့ ကိတ်ခြောက် ၊ မုန့်ကြွပ် ၊ မရွေး စတဲ့ မုန့်တွေ အစုံ လှူဖြစ်ခဲ့တယ်" ဆိုပြီးတော့ နိုဝင်ဘာလ (၁၁) ရက်နေ့ နေ့လယ် ( ၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Soe Kyi Phyu

စိုးမြတ်သူဇာဟာ အနုပညာသက်တမ်း နှစ်အတော်ကြာသည်အထိ အောင်မြင်မှု အခိုင်အမာ ရရှိလာသူ ဖြစ်သလို မိဘနှစ်ပါးကို အခုချိန်ထိ ပြည့်ပြည့်စုံစုံ ထားပြီး အနီးကပ်ပြုစုပေးနိုင်တာက ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လို့လည်း သူက ပြောပါတယ်။ စိုးမြတ်သူဇာဟာ မင်္ဂလာသက်တမ်း နှစ် (၅၀) တိုင်သည်အထိ ချစ်ချစ်ခင်ခင် ပေါင်းသင်းနေထိုင်လာခဲ့တဲ့ မိဘနှစ်ပါးရဲ့ သမီးတစ်ယောက်ဖြစ်ခွင့်ရတာကိုလည်း သူတို့ မောင်နှမလေးယောက်အတွက် ဂုဏ်ယူစရာ အမှတ်တရ တစ်ခုပဲလို့ ဆိုပါတယ်။ 

" အဖေ့လို မိသားစု ကို တန်ဖိုးထားပြီး ချစ်မြတ်နိုးတတ်တဲ့ သူရဲ့ သားသမီး တွေဖြစ်ခွင့်ရတာ ကျွန်မ တို့ မောင်နှမ လေးယောက် အတွက် ဂုဏ်ယူစရာ ဖြစ်သလို အမေကလည်း ဒီနေ့ထိ အဖေ့ကို သူ့အနားမှာအတူတူ ရှိနေအောင် ဆွဲဆောင်ထားနိုင်သည့်  အစွမ်းကလည်းကျွန်မတို့ ညီအမတွေ အတွက် ရင်သပ်ရူမော လေးစားအားကျရတဲ့သူပါ။ အဖေ နဲ့ အမေ နှစ် (၅၀) ခရီးမှာ ခုချိန်ထိ ကျန်းမာစွာ သားသမီးတွေနဲ့ အတူတူ ရှိနေတဲ့ အတွက် ကျွန်မ တို့မောင်နှမတွေ ဝမ်းသာ ကျေနပ်ရပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။ နောက်ထပ် နောက်ထပ် နှစ်တွေအများကြီးထိ ဒီသားသမီး၊ မြေးတွေနဲ့ အတူတူ ကျန်းမာပျော်ရွှင်စွာနေပေးပါဦး လို့ သမီးကြီး က ဆုတောင်းပေးပါတယ်" လို့လည်း နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ ရေးသားထားပါသေးတယ်။ 

Photo: Soe Kyi Phyu

လက်ရှိမှာတော့ စိုးမြတ်သူဇာရဲ့ အသက်က (၄၉) နှစ်သာ ရှိပါသေးတယ်။ သူမဟာ Covid ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် သူချစ်ရတဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် ဖေ့စ်ဘွတ်စာမျက်နှာမှာ မကြာခဏ Live လွှင့်ပြီး စကားပြောမယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က