ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် ထပ်တိုးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆၀) သန်းလျာထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူဦးရေ (၂၀) ရာခိုင်နှုန်းထက် ပိုမိုသောကာကွယ်ဆေးကို ဝယ်ယူလိုရင် ကမ္ဘာ့ဘဏ်ကနေ ချေးငွေ လျှောက်ထားနိုင်မှာဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီများ (သို့မဟုတ်) နိုင်ငံများမှ တိုက်ရိုက်ဝယ်ယူနိုင်တယ်လို့ ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Health Specialist ဖြစ်သူ Mr. Paul Jacob Robyn က ပြောကြားလိုက်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန်၊ သယ်ယူပို့ဆောင်ရန်နဲ့ ဖြန့်ဖြူးရန်အတွက် ကမ္ဘာ့ဘဏ်အဖွဲ့ရဲ့ Videoconferencing စနစ်နဲ့ တင်ပြဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကို တင်ပြဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်အဖွဲ့အနေနနဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွက်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ရန်ပုံငွေ (IDA 19) အောက်မှ ထပ်တိုးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆၀) သန်းလျာထားတယ်လို့ သိရပါတယ်။ 



မြန်မာနိုင်ငံက COVAX ရဲ့ COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက သက်သာသောဈေးနှုန်းနဲ့ အချိုးကျဝယ်ယူနိုင်မယ့် နိုင်ငံများအကြုံးဝင်သောနိုင်ငံဖြစ်တဲ့အတွက် World Bank မှ ချေးငွေရယူနိုင်မည့် နိုင်ငံတစ်ခုဖြစ်ပြီး COVAX Facility မှဖြစ်စေ ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီများ (သို့မဟုတ်) နိုင်ငံများမှ ဖြစ်စေ ဝယ်ယူနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က နိုဝင်ဘာလ ၃ ရက်နေ့ကပြုလုပ်တဲ့ အဆိုပါအစည်းအဝေးမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

COVAX အစီအစဥ်မှာတော့ မြန်မာနိုင်ငံက နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် အခမဲ့ (သို့မဟုတ်) အထူးသက်သာတဲ့ စျေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ နိုင်ငံပေါင်း (၉၂) နိုင်ငံမှာ ပါဝင်ပြီး အဆိုပါ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးကိုတော့ အသုတ်လိုက်ခွဲပြီးပေးမည်ဖြစ်ကာ ပထမအသုတ်မှာ ပမာဏဘယ်လောက်ရရှိမယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

COVAX အစီအစဥ်အပြင် လူဦးရေ (၂၀) ရာခိုင်နှုန်းထက် ပိုမိုပြီး ကာကွယ်ဆေးများ ဝယ်ယူဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ ချေးငွေ လျှောက်ထားနိုင်မှာဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီများ (သို့မဟုတ်) နိုင်ငံများမှ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က အဆိုပါအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနနဲ့ ကမ္ဘာ့ဘဏ်ထံမှ ကာကွယ်ဆေးဝယ်ယူရေးအတွက် သာမက ကာကွယ်ဆေးသယ်ယူပို့ဆောင်ရေး၊ ကာကွယ်ဆေးများ အအေးလမ်းကြောင်း မပျက်ထိန်းသိမ်းထားနိုင်ရေး၊ ကာကွယ်ဆေးများ လက်တွေ့ ထိုးနှံရေးအတွက် အထွေထွေကုန်ကျစရိတ်များအတွက်ပါ ချေးငွေများ ရယူနိုင်တယ်လို့ Mr. Paul Jacob Robyn ကပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က