“ လူရွှင်တော် ရွှေဖလား” ဆိုတာ ဦးဧရာ ဦးစီးခဲ့တာပါ။

အလုပ်မရှိတဲ့ လူရွှင်တော်တွေကို အခွင့်အလမ်းတွေ ရလာစေဖို့ စီစဉ်ပေးခဲ့သူက ကိုဧရာပါ ဆိုပြီးတော့ လူရွှင်တော် ဧရာရဲ့ အကြောင်းတွေကို ကံပွင့်က အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Kan Pwint



လူရွှင်တော် ကံပွင့်ကတော့ လက်ရှိ လူရွှင်တော် လောကတိုးတက်ဖို့အတွက် ဦးဧရာက စီစဉ်ခဲ့တာလို့ ပြောပါတယ်။ လူရွှင်တော်တွေကို ပရိသတ်တွေ သတိထားမိလာစေဖို့ “ လူရွှင်တော် ဖလား” ဆိုတဲ့ အစီအစဉ်ကိုလည်း ဦးဆောင် ပေးခဲ့တယ်လို့ ဦးကံပွင့်က ပြောပါတယ်။ 

“ ကိုဧရာက ဟိုး Video ခေတ်ကတည်းက (၃၅) လမ်းမှာ ရုံးခန်းလေး တစ်ခန်း ဖွင့်ပြီးတော့ လူရွှင်တော် အလုပ်ရုံ ဆိုပြီးတော့ အလုပ်မရှိတဲ့ လူရွှင်တော်တွေ အတွက် အခွင့်အလမ်းတွေရအောင် သူလုပ်ခဲ့တယ်။ သူကိုယ်တိုင် ဦးစီးပြီးတော့ ‘ လူရွှင်တော် ဖလား’ ဆိုတဲ့ ရုပ်သံ အစီအစဉ်ကတည်း သူ့ရဲ့ အနုပညာ ဖြတ်သန်းမှုမှာ စွမ်းစွမ်းတမံ လုပ်ခဲ့ရတဲ့ အနုပညာတစ်ခုပါ။ ဒီအစီအစဉ်ကနေပြီးတော့ အောင်မြင်တဲ့ လူရွှင်တော်တွေ အများကြီး ပေါက်ဖွားသွားတာအများကြီးပါ။ ဘာပဲ ဖြစ်ဖြစ် ဦးကံပွင့်တို့ အားလုံးအတွက် ရွှေတောင်ကြီး ပြိုခဲ့ပြီလေ” လို့ Duwun ကို ပြောပါတယ်။ 

Photo: Kan Pwint

ဒါ့အပြင် ကံပွင့်ဟာ လူရွှင်တော် တစ်ယောက် မဖြစ်လာခင်ကတည်းက ဧရာ့ကို အားပေးလာခဲ့ရတဲ့ အမှတ်တရတွေကိုလည်း ပြန်လည် ပြောပြခဲ့ပါတယ်။ 

“ ဦး နဲ့ ကိုဧရာဆိုတာ ဆရာအစ်ကို လိုပဲ။ သူက စီနီယာ အများကြီးကျပါတယ်။ ကြော်ငြာ ခေတ်ကတည်းက ‘ ဟေ့ သူငယ်မရာ..ချောလို့ ဝလို့ လှလို့ပါ'’ကြော်ငြာလေးကတည်းက စပြီးတော့ အားပေးခဲ့တာပါ။ အခု ရန်ကုန် လူရွှင်တော် အသင်းမှာရှိတဲ့ လူငယ်လေးတွေ၊ ဖန်သားပြင်ပေါ်မှာ နာမည်ကြီးနေကြတဲ့ လူရွှင်တော်တွေက ကိုဧရာ့ ကျေးဇူးနဲ့ ကင်းတဲ့သူ တစ်ယောက်မှ မရှိပါဘူး" ဆိုပြီးတော့ Duwun ကို ပြောပြခဲ့တာပါ။ 

Photo: Kan Pwint

လူရွှင်တော် ဧရာကတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် (၃) နာရီ (၃၉) မိနစ်က ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကြောင့် ဝမ်းနည်းပူဆွေးခဲ့ရတဲ့ အနုပညာရှင်တွေ၊ ပရိသတ်တွေကလည်း အများကြီးပါ။ ဒီလို စိတ်မကောင်းဖြစ်နေတဲ့ အနုပညာရှင်တွေထဲမှာ လူရွှင်တော် ကံပွင့်လည်း ပါဝင်ပါတယ်။ ကံပွင့်ကတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ ဟာသပြိုင်ပွဲတွေမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က