ဂီတနဲ့ ပတ်သက်ပြီး ခံယူချက်တွေကို ပြောပြခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ ဂီတနဲ့ ပတ်သက်ပြီး သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ရင်း ရှေ့ဆက်လျှောက်သွားမယ့် ရည်ရွယ်ချက်တွေကို ပြောပြလာပါတယ်။ 

Photo: Chan Myae Mg Cho



ချမ်းမြေ့မောင်ချိုကတော့ ဂီတသက်တမ်း (၂) နှစ်ကျော် ကာလမှာ ပထမဆုံးအကြိမ် ထွက်ရှိထားတဲ့ ELEVEN အခွေလေးကတော့ ၁ နှစ်ပြည့်လာခဲ့ပြီလို့ ပြောပါတယ်။ ပထမဆုံး အခွေလေးဖြစ်တာကြောင့်လည်း အခက်အခဲတွေလည်း ကြုံခဲ့ရသလို သူမအတွက် မြတ်နိုး၊ တန်ဖိုးထားစရာကောင်းတဲ့ အခွေလေးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ 

" E.L.E.V.E.N ... Album လေး တောင် ၁ နှစ်ပြည့်ခဲ့ပါပြီ။ အစက mini album လေးပဲထုတ်မယ် စိတ်ကူးခဲ့ပေမယ့် ပွဲတွေဆိုလာရတဲ့အခါမှာ ဆိုစရာ သီချင်းတွေမရှိလာခဲ့ဘူး။ အဲ့ဒီတုန်းက ပွင့်ပွင့် လင်းလင်း ပြောရရင် အခက်အခဲတွေအများကြီးကြုံခဲ့ရပါတယ်။ ကိုယ့် senior တွေရဲ့ သီချင်းတွေဆိုရင် သူတို့သီချင်းတွေ ကို ပရိသတ်တွေလိုက်ဆိုတဲ့အခါမှာ အရမ်းကြည်နူးရပါတယ်။ အဲ့ဒီလိုတွေးနေတုန်း japan myanmar ချစ်ကြည်ရေးပွဲမှာလည်း ဒဏ္ဍာရီ၊ ရွာသာရွာပါမိုး၊ သင့်အတွက်မနက်ဖြန် ဆိုတဲ့အချိန်မှာ ကွင်းထဲမှာ ရှိတဲ့လူအယောက် ၁၀၀၀၀ လောက်က လိုက်ဆိုခဲ့ကြတဲ့အတွက်ရင်ထဲမှာ အရမ်းပျော်ရွှင်ခဲ့ရတယ်။ ဝမ်းသာမျက်ရည်ကျခဲ့တယ်။ ကိုယ့် senior တွေရဲ့သီချင်းတွေသူတို့လေးတွေရဲ့ နှုတ်ခမ်းပြားလေးမှာ ဆွဲထင်နေတာလေးတွေကြည့်ရင်း တစ်နေ့ကျရင်ငါ့သီချင်းလေးကိုလည်း လိုက်ဆိုနိုင်အောင်ကြိုးစားရမယ်ဆို တဲ့အိမ်မက်တစ်ခုလေးမက်ခဲ့တယ်။ ကိုယ်ပိုင်သီချင်းတွေ အများကြီးလုပ်ချင်တဲ့ စိတ်တွန်းအားလေးတစ်ခုကို လည်းရလိုက်ပါတယ် အဲ့ဒါကနေစလို့ album ပဲထုတ်တော့မယ်ဆိုတဲ့စိတ်လောနေခဲ့တာနဲ့ 1st March ကနေ “အိမ်မက်”သီချင်းပဲထွက်လိုက်ပြီးတော့ ဘာမှထွက်မလာနိုင်ခဲ့ပါဘူး” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Chan Myae Mg Cho

ချမ်းမြေ့မောင်ချိုဟာ သူမရဲ့ သီချင်းတွေကို ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲထင်စေဖို့ သီချင်းလေးတွေ ကြိုးစား ဖန်တီးနေတယ်လို့ ပြောပါတယ်။ ထွက်ရှိခဲ့ပြီးသား သီချင်းတွေကိုလည်း ပရိသတ်တွေ အားပေးနှစ်ခြိုက်ခဲ့တဲ့ ပီတိတွေကို အခုလို ပြောပြလာပါတယ်။ 

“ Milestones တွေကနားလည်ပေးပြီး တကယ့်တကယ် album ထွက်လာတဲ့အချိန်မှာလည်း ဝယ်ယူအားပေးကြတဲ့အတွက်ကို မောင်ချို့ရဲ့ နှစ်တစ် နှစ်လုံးစာ ကြိုးစားထားခဲ့သမျှအရာထင်ခဲ့ပါတယ်။ Album ထွက်ပြီး ၂ ပတ်ကြာတော့ ပင်းပေါမြို့မှာသွားဆိုရပါတယ်။ အမှတ်မထင်ပဲ loser သီချင်းလေးကို ကွင်းလုံးကျွတ်လိုက်ဆိုတာကိုမြင်တွေ့လိုက်ရတဲ့အချိန် လွန်ခဲ့တဲ့ ၁ နှစ်ကမက်ခဲ့တဲ့အိမ်မက်လေးက တကယ်ဖြစ်လာခဲ့တယ် မျက်ရည်တွေပါဝဲခဲ့ရပါတယ်။ အခုတော့ မောင်ချို့ရဲ့milestone လေးတွေရဲ့ နှုတ်ဖျားမှာ မောင်ချို့ album ထဲကသီချင်းလေးတွေစွန်းထင်ခဲ့တာ ၁ နှစ်တောင်ပြည့်သွားခဲ့ပြီ ပြိုင်ပွဲထဲက အခုအချိန်ထိ မထင်မှတ်ထားတဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ မောငိချို့ကိုအခုနေရာအထိတွန်းတင်ပေးခဲ့တဲ့ milestones အယောက်ချင်းဆီတိုင်းနဲ့ မောင်ချို့ သူငယ်ချင်း မောင်နှမ များကိုလဲကျေးဇူးတင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Chan Myae Mg Cho

ချမ်းမြေ့မောင်ချိုဟာ Myanmar idol (Season-3) သီချင်းဆိုပြိုင်ပွဲ ပြီးတဲ့နောက်မှာတော့ “ အိပ်မက်” ဆိုတဲ့ Single Song လေး ထွက်ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ သူမရဲ့ တစ်ကိုယ်တော် အခွေဖြစ်တဲ့ " ELEVEN” သီချင်းအခွေ ထွက်ရှိခဲ့တာပါ။ ဂီတလှုပ်ရှားမှုတွေ အဖြစ် " အငွေ့အသက်များ" ၊ " အိမ်ပြန်ချိန်" ၊ “Falling” စတဲ့ သီချင်း အသစ်လေးတွေလည်း ထွက်ရှိထားပါသေးတယ်။ လက်ရှိမှာတော့ သူမဟာ Shwe FM (၁၁) နှစ်ပြည့် ဂီတဆုပေးပွဲကြီးကနေ ချီးမြှင့်လိုက်တဲ့ " ပရိသတ်တောင်းဆုမှု အများဆုံး အမျိုးသမီးဆုရှင်" အဖြစ် ဆုရရှိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က