ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာပါ။

ကလော့ပ်အနေနဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ဂျိုးဂိုမက်ဇ်အပြင် ယခုအခါ မာတစ်ကိုပါ ထပ်မံ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။

ဝက်စ်ဘရွန်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ နောက်ခံလူ ဂျိုးလ်မာတစ် ပေါင်ခြံ ဒဏ်ရာရရှိသွားခဲ့ပြီး အဆိုပါ ဒဏ်ရာကို ယနေ့မှာ ဓာတ်မှန်ရိုက် စစ်ဆေးမှု ပြုလုပ်မယ်လို့ သိရပါတယ်။



အဆိုပါ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပွဲကစားချိန် ၅၇မိနစ်အရောက်မာတစ်ကို လူငယ်ကစားသမား ဝီလီယံနဲ့ လူစားလဲခဲ့ရ တာပါ။

မာတစ်အနေနဲ့ စပါးနဲ့ ကစားခဲ့တဲ့ ယခုလအစောပိုင်းတုန်းက ပွဲကိုလည်း လွဲချော်ထားခဲ့ပေမယ့် ပဲလေ့စ်နဲ့ ပွဲကစ တင်ပြီး ပါဝင်လာနိုင်ခဲ့တာပါ။

မာတစ်ဒဏ်ရာရရှိသွားလို့ နည်းပြချုပ် ကလော့ပ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ရပ်ဖြစ်လာပါတယ်။ အကြောင်းကတော့ အခြားသော အဓိက ခံစစ်မှူးတွေ ဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ဂျိုးဂိုမက်ဇ်တို့မှာလည်း ဒဏ်ရာ အသီးသီးကြောင့် နားနေရတာမို့ပါ။

လာမယ့် နယူးကာဆယ်နဲ့ပွဲမှာတော့ ဖာဘင်ဟိုက ဗဟိုခံစစ်မှူးအဖြစ် ပါဝင်လာမှာ ဖြစ်သလို မာတစ်ကတော့ မပါဝင်နိုင်ပါဘူး။

အခြားသော ရွေးချယ်စရာတွေအဖြစ် လူငယ်ကစားသမားတွေ ဖြစ်ကြတဲ့ ဝီလီယံနဲ့ဖိလစ်တို့ရှိနေကာ လာမယ့် ဇန်နဝါရီ စျေးကွက်မှာတော့ ကစားသမားသစ် ဝယ်ယူဖို့ အစီအစဥ်မရှိဘူးလို့လည်း ကလော့ပ်က ထုတ်ပြန်ထားပါ သေးတယ်။

အခြားသော ကစားသမားတွေ ဖြစ်တဲ့ ဂျိမ်းမီလ်နာနဲ့ရှာကွီရီတို့ နှစ်ဦးကတော့ ဝက်စ်ဘရွန်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ လူစာရင်း ပြန်လည်ပါဝင်လာခဲ့တာတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က