ပရဟိတနဲ့ပတ်သက်ပြီး ရရှိထားတဲ့ ဘွဲ့ပါ။

ခန့်စည်သူကတော့ သရုပ်ဆောင်နဲ့ ပတ်သက်လာရင် အကယ်ဒမီဆုရရှိထားသလို ပရဟိတလုပ်ငန်းတွေမှာလည်း ဘွဲ့တံဆိပ်တွေ အများကြီး ရရှိထားသူဖြစ်ပါတယ်။ 

Photo: Khant Si Thu



သရုပ်ဆောင် ခန့်စည်သူကိုတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တုန်းက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၁ ဖြင့် သာသနာကို ထွန်းလင်းတောက်ပစေသော သာသနာပြုပုဂ္ဂိုလ်များအားပေးအပ်ချီးမြှင့်လေ့ရှိသော ဒုတိယအမြင့်ဆုံး ဘွဲ့တံဆိပ်ဖြစ်တဲ့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ ကို ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုမရခင်တုန်းက ခန့်စည်သူဟာ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ၂၀၁၂ ခုနှစ် မေလ (၂၂) ရက်တုန်းကလည်း သူဟာ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မတက္ကသိုလ်(IIA) ကနေလည်း အဘိဓမ္မဓရ ဘွဲ့ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ 

Photo: Khant Si Thu

သီရိသုဓမ္မမဏိဇောတဓရဘွဲ့ ကို နှစ်သစ်မှာ ပိုင်ဆိုင်သွားတဲ့ ခန့်စည်သူအတွက် ပရဟိတ လောကသားတွေရော၊ အနုပညာလောကသားတွေသာမက ပရိသတ်တွေကပါ ဝမ်းသာ ဂုဏ်ပြုစကားတွေကို လူမှု ကွန်ယက် စာမျက်နှာပေါ်မှာ ပြောထားကြတာ တွေ့ရပါတယ်။သရုပ်ဆောင် လောကမှာသာမက ပရဟိတလုပ်ငန်းတွေမှာလည်း ထူးချွန်တဲ့ ခန့်စည်သူဟာ ဇန်နဝါရီလ (၄) ရက်နေ့ မနက်ပိုင်းက ဗိုလ်တစ်ထောင်ဘုရားမှာလည်း မိသားစုနဲ့အတူ အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း ပရိသတ်တွေ သိအောင် ပြောပြခဲ့ပါတယ်။ 

“ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး ဘက်စုံ မွမ်းမံ ပြုပြင်ရေးအတွက် အလှူတော်ငွေ (၁၂၅) သိန်းကို လှူဒါန်းခဲ့ပါတယ်။ နတ်၊လူ သာဓု ခေါ် ပါစေသော်" ဆိုပြီးတော့ ဇန်နဝါရီလ (၄) ရက်နေ့ ည (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပြီးအလှူနဲ့ ပတ်သက်တဲ့ အမှတ်တရ ဓာတ်ပုံတွေလည်း တင်ခဲ့ပါသေးတယ်။ 

Photo: @MPG

ခန့်စည်သူဟာ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ အိမ်ထောင်စုများ၊ ရောဂါ ကာကွယ်ရေးအတွက် ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေတဲ့ ဆေးရုံများ စသည့်နေရာတွေကိုလည်း ခန့်စည်သူကိုယ်တိုင် တစ်ဦးတည်းဖြစ်စေ၊ မေတ္တာသင်္ဂဟ ပရိဟိတ အဖွဲ့သားတွေနဲ့ ဖြစ်စေ အဆက်မပြတ် အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် သူဟာ ဘုရား၊ ကျောင်းဆောင် စတဲ့ သာသနာဆိုင်ရာ အဆောက်အအုံတွေကိုလည်း လှူဒါန်းထားတာ တွေ့ရပါတယ်။ ပရဟိတနဲ့ ပတ်သက်ပြီး ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံထားရတဲ့ ခန့်စည်သူဟာ အနုပညာနဲ့ ပတ်သက်ပြီး ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က