အစိုးရအနေနဲ့ မတည်ရန်ပုံငွေအဖြစ် ကျပ်သန်း (၁၀၀၀)နဲ့ အမေရိကန် ဒေါ်လာ (၂၅၀)ကိုမတည်ထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် ပြည်သူတွေအနေနဲ့အလှူငွေထည့်ဝင်လှူဒါန်းလိုပါက လှူဒါန်းနိုင်ကြောင်း အစိုးရကထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကာကွယ်ဆေးဝယ်ယူနိုင်ရန်အတွက် အစိုးရကရန်ပုံငွေတစ်ရပ်အဖြစ်ထူထောင်ခဲ့တာဖြစ်ပြီး အလှူရှင်တွေအနေနဲ့လည်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ကိုဗစ်ကာကွယ်ရေးဝယ်ယူနိုင်ရန် မတည်ရန်ပုံငွေအဖြစ် ကျပ်သန်း (၁၀၀၀)နဲ့ အမေရိကန် ဒေါ်လာ သန်း(၂၅၀)ကိုမတည်ထားတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ 



(နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)စာရင်းမှာ မတည်ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း (၂၅၀)ကို စတင်ထည့်ပေးထားပြီး (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)စာရင်းမှာတော့ မတည်ရန်ပုံငွေ ကျပ်သန်း (၁၀၀၀)ကို စတင်ထည့်ပေးထားတယ်လို့သိရပါတယ်။ 

ဒါကြောင့်ကာကွယ်ဆေး ဝယ်ယူနိုင်ရန် ပြည်တွင်း၊ပြည်ပက အလှူရှင်တွေအနေနဲ့ ပါဝင်လှူဒါန်းလိုပါက မြန်မာ့စီးပွါးရေးဘဏ် (နေပြည်တော်) ရှိ ကိုဗစ်၁၉ ကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေ ((နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)ကို မည်သည့်ငွေအမျိုးအစားမဆိုထည့်သွင်းနိုင်ကြောင်းနဲ့ 

(မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)မှာ မြန်မာငွေများထည့်သွင်းလှူဒါန်းနိုင်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ လှူဒါန်းလိုတဲ့သူတွေအနေနဲ့ ဆက်သွယ်လှူဒါန်းလိုပါက ဖုန်းနံပတ် (၀၆၇ ၃၄၁၀၁၅၆ ) နဲ့ (၀၆၇ ၃၄၁၀၁၅၈ )ဖုန်းနံပတ်တွေကိုလည်း ဆက်သွယ်လှူဒါန်းနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က