လိဂ်ဖလား ဗိုလ်လုပွဲကို ၄ကြိမ်ဆက် တက်လှမ်းနိုင်ခဲ့ပါပြီ။

မန်စီးတီးအသင်းဟာ တစ်ကြိမ်မျှမဆွတ်ခူးဖူးသေးတဲ့ ချန်ပီယံလိဂ်ဆုဖလားနဲ့ အမြဲတမ်း ဝေးကွာနေသေးပေမယ့် အခြား ဆုဖလားတွေကတော့ ပေါပေါသီသီကို အမြဲလိုလို ရနေခဲ့တာပါ။

မန်ချက်စတာ စီးတီးအသင်းဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ မြို့ခံ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ၂-၀နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို ၄နှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့ပါတယ်။



ယခုနိုင်ပွဲကြောင့်လည်း မန်စီးတီးအသင်းဟာ လိဂ်ဖလားပြိုင်ပွဲမျာ ၄နှစ်ဆက်တိုက် ဗိုလ်လုပွဲတက်လှမ်းနိုင်တဲ့ အသင်းအဖြစ် လီဗာပူးပြီးရင် ထပ်မံ ပေါ်ထွက်လာပါတယ်။

လီဗာပူးအသင်းဟာလည်း လိဂ်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ၁၉၈၁ကနေ ၈၄အထိ ၄နှစ်ဆက်တိုက် တက်လှမ်းထား ဖူးပြီး ယခုအခါ မန်စီးတီးက လီဗာပူးပြီးနောက် ပထမဆုံး အသင်းဖြစ်လာပါတယ်။

ဒါ့အပြင် လက်ရှိ နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ မန်စီးတီးအသင်းဟာ ကာရာဘောင်ဖလား ပြိုင်ပွဲ၂၄ပွဲ ကစားထားအပြီး ၂ပွဲသာ ရှုံးပွဲကြုံထားပါသေးတယ်။

ဒါပေမယ့် ကလပ်အသင်းရဲ့ တကယ့် လိုအပ်ချက်က ကာရာဘောင်ဖလား မဟုတ်ပဲ လုံးဝ မရဖူးတဲ့ ချန်ပီယံလိဂ် ဆုဖလားဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာ ထုတ်ဖော်ပြောလာပါတယ်။

“အချို့ အရာတွေကိုလည်း ကျွန်တော်တို့ လက်ခံရဖို့ အကြောင်းဖန်လာရင် လက်ခံရပါမယ်။ ကာရာဘောင် ဖလား က ချန်ပီယံလိဂ်ဖလား မဟုတ်တာကိုလည်း ကျွန်တော် သိပါတယ်။ဒါပေမယ့် ဗိုလ်လုပွဲလိုအဆင့်မျိုးကို ၄နှစ်ဆက် တိုက်တက်လှမ်းနိုင်တာကတော့ ထူးခြားတဲ့ စွမ်းဆောင်ရည်ပါ။ဒါကြောင့် အသင်းရဲ့ အရည်အချင်းကို ကျွန်တော် အထင်ကြီးမိပါတယ်။”လို့ ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောသွားပါတယ်။

ရာသီကြို ပြင်ဆင်မှုတွေမှာ မန်စီးတီးအသင်းဟာ အားရစရာ မရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ လိုချင်တဲ့ အနေအထားတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး ဒါဟာ စည်းလုံးညီညွတ်မှုကြောင့်လို့လည်း ဂွါဒီယိုလာက ညွှန်းဆိုပါ သေးတယ်။

“ရာသီကြို ပြင်ဆင်မှုတွေမှာ အဆင်မပြေခဲ့တာတွေကိုကြည့်ပြီး ကျွန်တော်တို့ အချိန်တစ်ခုတော့ လိုခဲ့ပါတယ်။ဒါ ပေမယ့် အခု အဲ့အခြေအနေတစ်ခုက အဆင်ပြေနေပြီလို့ ထင်ပါတယ်။ဗိုလ်လုပွဲကလည်း နောက်တစ်ပတ်မှာ က စားမှာ မဟုတ်ပါဘူး။ဒါကြောင့် အဲ့ကျရင် အခုထက်ပိုကောင်းတဲ့ အကောင်းဆုံး ပုံစံရနေမှာပါ။စပါးအသင်းက အ သင်းကောင်းတစ်သင်းဆိုပေမယ့် အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။”လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်ကို တက်လှမ်းထားနိုင်ပြီး ဂျာမန်ကလပ် မိုချမ် ဂလာဘတ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။

ယခင်က ချန်ပီယံလိဂ်ဆုဖလားကို ဘာစီလိုနာအသင်းနှင့်အတူ ၂ကြိမ်တိတိရယူဖူးတဲ့ ဂွါဒီယိုလာဟာ မန်စီးတီး အသင်းနှင့်အတူ ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်ခွင့်တော့ မကြုံသေးပါဘူး။

မန်စီးတီးအသင်းဟာလည်း အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆုဖလားကို မကိုင်မြှောက်ထားနိုင်လို့ ဒီအ မဲစက်ကို ယခုနှစ်မှာ ဖျောက်ပစ်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Share

က္က