ယခုနှစ်ရာသီဗီလာကွင်းမှာ တွေ့ဆုံစဥ်က ၇-၂ဂိုးနဲ့ ဗီလာက အံ့အားသင့်ဖွယ်အနိုင်ယူထားပါတယ်။

အသင်းကြီးမှာ ကိုဗစ်ကူးစက်မှု မြင့်မားနေလို့ အသင်းနည်းပြချုပ်အပါအဝင် တစ်သင်းလုံး အက်ဖ်အေပွဲကို ကစားခွင့်ရမှာ မဟုတ်လို့ ယူ-၂၃နဲ့အကယ်ဒမီကစားသမားတွေကို ယူ-၂၃နည်းပြချုပ်က တာဝန်ယူပြီး လီဗာပူးကို ယနေ့ ရင်ဆိုင်ရမှာပါ။

ကိုဗစ်ကြောင့် ယနေ့ညမှာကစားရမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဥ်ကို အက်စတန်ဗီလာအသင်းဟာ စီနီယာအသင်းရော နည်းပြချုပ်ဖြစ်တဲ့ ဒီယန်စမစ်ရော လွဲချော်ရပါတော့မယ်။



ဒါကြောင့် သတ်မှတ်ချိန်အတွင်းကစားရမယ့်ပွဲအတွက် ယူ-၂၃အသင်းနဲ့ အကယ်ဒမီက ကစားသမားတွေကို စု စည်းပြီးတော့သာ ပြိုင်ဖက် လီဗာပူးအသင်းကို ယှဥ်ပြိုင်ရပါတော့မယ်။

ဒီအသင်းကိုလည်း ယူ-၂၃အသင်းရဲ့ နည်းပြချုပ်ဖြစ်တဲ့ ဒီလန်နေးက တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး အသင်း ကြီးက ကစားသမားဘယ်နှစ်ဦးလောက် ကိုဗစ်ပိုး မတွေ့ရှိလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး လူငယ်နဲ့ အကယ်ဒမီ ကစားသမားတွေကို အချိုးကျပေါင်းစပ်ယှဥ်ပြိုင်ရမှာလို့လည်းသိရပါတယ်။

ဗီလာအသင်းအနေနဲ့ အသင်းကြီးအတွင်း ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်နေခဲ့ပြီးနောက် အသင်းရဲ့ လေ့ ကျင့်ရေး အစီအစဥ်တစ်ခုလုံးအပါအဝင် လေ့ကျင့်ရေးကွင်းကိုပါ ပိတ်လိုက်ရပါတယ်။

တနင်္လာနေ့တုန်းက စစ်ဆေးချက်တွေအရ အသင်းကြီး ကစားသမားတော်တော်များများအပါအဝင် အသင်းရဲ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတော်တော်များများမှာ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

အဲ့နောက် ကြာသပတေးနေ့မှာ နောက်ထပ် စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပြီး ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ သော်လည်း လေ့ကျင့်ရေး အစီအစဥ်ကို ပွဲမကစားခင် ၂၄နာရီအလိုလောက်မှာ ပိတ်လိုက်ရလို့ အခုလို လူငယ် အသင်းနဲ့သာ ကစားရပါတော့မယ်။

ပြိုင်ပွဲကို ပြန်လည်သတ်မှတ်ရန် အချိန်မလုံလောက်တာကြောင့် မူလက သတ်မှတ်ချက်ထားချက်အရ ဗီလာကို အရှုံးပေးစေပြီး ပွဲကို ဖျက်ဖို့အထိ စီစဥ်ထားခဲ့သေးတယ်လို့လည်းသိရပါတယ်။

ထူးခြားတဲ့ တိုက်ဆိုင်မှုအဖြစ် အခုလို ဗီလာအသင်းက လူငယ်အသင်းနဲ့သာ ကစားရမယ့် အခြေအနေဟာ ၂၀၁၉ခုနှစ်တုန်းက လီဗာပူးအသင်း ကမ္ဘာ့ကလပ် ပြိုင်ပွဲကစားဖို့ တိုက်ဆိုင်နေလို့ ကာရာဘောင်ဖလားပွဲကို ယူ-၂၃အသင်းနဲ့ပင် ဗီလာကို ရင်ဆိုင် ခဲ့ရတာနဲ့ ပြောင်းပြန်တွေ့ဆုံမှုမျိုး ပြန်ဖြစ်နေတော့မှာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ဗီလာပတ်ခ်ကို ထွက်မလာခင် အားလုံး ကိုဗစ်ရောဂါပိုး ကင်းစင်နေတယ်လို့ နည်းပြ ချုပ် ကလော့ပ်က အတည်ပြုထားပေမယ့်လည်း ပွဲမကစားခင် အနီးစပ်ဆုံး ဆေးစစ်မှုရလဒ်တွေကလည်း မကြာခင်မှာ ထပ်မံထွက်ပေါ်လာဦးမှာပါ။

လီဗာပူးအသင်းကတော့ ဗီလာအသင်းကို ယှဥ်ပြိုင်ဖို့အတွက် အသင်းရဲ့ လူစာရင်းမှာ ဂျိမ်းစ်မီလ်နာ၊ရှာကွီရီ၊အိုရီဂီ၊ ချိန်ဘာလိန်၊မီနာမီနို၊ဝီလီယံနဲ့ကာတစ်ဂျုံးစ်တို့ကို ထည့်သွင်းလာဖို့ရှိတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာတော့ ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကိုဗစ်ကြောင့် ပွဲစဥ် ၄ပွဲအထိ ပွဲဖျက်ထားရပါတယ်။

Share

Loading Next Article...
က္က