ဆုဖလားအတွက် ဘာမှမပြောချင်သေးဘူးလို့ ဆိုခဲ့တာပါ။

ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ အားပြိုင်မှုတွေကို ပိုစိတ်ဝင်စားနေချိန်မှာ မန်စီးတီးက ဖြည်းဖြည်းမှန်မှန်နဲ့ နိုင်ပွဲဆက်လာခဲ့ပြီး ချန်ပီယံဖလားအတွက် ခြိမ်းခြောက်လာခဲ့ကာ ဖိအားတွေလည်း ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ 


အဲဗာတန်နဲ့ ကစားဖို့ တစ်ပွဲကျန်ရှိနေသေးတဲ့ မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့ကို ဂိုးပြတ်အနိုင်ရရှိအပြီးမှာ အမှတ်ပေးဇယား ဒုတိယနေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အောက် ၂ မှတ်အကွာမှာ မန်စီးတီးကရှိနေပြီး လက်စတာနဲ့ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်အရ အဆင့် ၂ နေရာမှာ ရပ်တည်နေကာ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိဖို့ အခွင့်အရေးကောင်းနေပြီဖြစ်ပါတယ်။ 



အဲဗာတန်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ဂွာဒီယိုလာရဲ့အသင်းဟာ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်တော့မှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ အားပြိုင်မှုတွေကို ပိုစိတ်ဝင်စားနေချိန်မှာ မန်စီးတီးက ဖြည်းဖြည်းမှန်မှန်နဲ့ နိုင်ပွဲဆက်လာခဲ့ပြီး ချန်ပီယံဖလားအတွက် ခြိမ်းခြောက်လာခဲ့ကာ ဖိအားတွေလည်း ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ရာသီဝက်ကာလသာရှိနေသေးလို့ အသင်းအနေနဲ့ အမှတ်ပေးဖလားအတွက် ရည်မှန်းထားတာမျိုးတွေကို မစဉ်းစားသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဂွာဒီယိုလာက အမှတ်ပေးဖလားနဲ့ပတ်သက်ပြီး ဘယ်လိုပြောဆိုမှုမျိုးကိုမှ မပြုလုပ်ချင်ဘူးလို့ ပွင့်ပွင့်လင်းလင်းဆိုခဲ့ပြီး သူ့ရဲ့အသင်းက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကိုယ့်အလုပ်ကိုယ်လုပ်သွားမယ်ဆိုတဲ့ သဘောကိုဆောင်နေခဲ့ပါတယ်။ 

"ဘယ်လို သတင်းစကားမျိုးကိုမှ ကျွန်တော် မပါးချင်ပါဘူး၊ ဗီလာနဲ့ ဗုဒ္ဓဟူးနေ့မှာ ကစားရပါဦးမယ်၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက ကျွန်တော်တို့ လီဗာပူးလ်ရဲ့နောက်မှာပါ၊ ပွဲတချို့နိုင်ခဲ့ပြီး အဲဒါက ကျွန်တော်တို့လုပ်ရမယ့် အလုပ်တွေပါ၊ အခုတော့ ကျွန်တော် ၀ိုင်ကောင်းကောင်းလေးတစ်ခွက်သောက်ပြီး ဗီလာနဲ့့ပွဲအတွက် စဉ်းစားသွားမှာပါ"

"ပြီးခဲ့တဲ့ရာသီတွေကလိုပဲ တူညီတဲ့ပုံစံနဲ့ ကျွန်တော်တို့ ကြိုးစားကစားနေပါတယ်၊ ခံစစ်တန်းလေးဦးက ဘာအမှားအယွင်းမှ မရှိပါဘူး၊ ပြီးခဲ့တဲ့ရာသီကဆိုရင်တော့ အမှားတော်တော်လေးများခဲ့ပါတယ်၊ အရာအားလုံးထက် ကျွန်တော်ပိုပြီးတော့ ဝမ်းမြောက်ကျေးဇူးတင်ရမယ့် ကစားသမားက ဂျွန်စတုန်းစ်ပါ၊ သူက ပွဲကစားခွင့်ရဖို့အတွက် ထိုက်တန်မှုရှိနေခဲ့ပါတယ်" ဂွာဒီယိုလာက BBC ကို ပြောဆိုခဲ့ပါတယ်။

ဂျွန်စတုန်းစ်ကတော့ ယူနိုက်တက်နဲ့ ကာရာဘောင်းပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို ပဲလေ့စ်နဲ့ပွဲမှာလည်း အသင်းအတွက် ၂ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေရာကနေ ပွဲထွက်ခွင့်ရလာချိန်မှာ ခြေစွမ်းပြနေခဲ့လို့ ဂွာဒီယိုလာက ချီးကျူးအသိအမှတ်ပြုခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က